Quicksand
ဂျော့ရှ်နဲ့ ဆိုဖီယာတို့ဟာ ပြိုကွဲလုနီးပါး အိမ်ထောင်ရေးကို အပြင်လူတွေ မသိအောင် ဖုံးထားရင်း ဆေးပညာဆိုင်ရာညီလာခံတစ်ခုအတွက် ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ကို ရောက်လာကြပါတယ်။ လင်မယားဖြစ်ပေမယ့် သူစိမ်းတွေလို ဖြစ်နေကြတဲ့ သူတို့နှစ်ယောက်ဟာ ညီလာခံမစခင်မှာ အကြောင်းကြောင်းကြောင့် တောင်တက်ခရီးတစ်ခု အတူထွက်ဖြစ်ကြတယ်။ ဒီခရီးမှာ လက်စ်အယ်ရီနာ့စ်လို့ခေါ်တဲ့ တောနက်ထဲ ရောက်သွားပြီး ရုန်းလေနစ်လေဖြစ်တဲ့ နွံအိုင်တစ်ခုထဲ နှစ်ယောက်စလုံး ပြုတ်ကျသွားပါတယ်။ နွံက သူတို့ကို ချက်ချင်းမျိုချသွားတာမျိုး မဟုတ်ပေမယ့် အထဲမှာ ပိတ်မိနေတာနဲ့တင် အသက်အန္တရာယ်က မသေးပါဘူး။ အစာရေစာပြတ်လပ်နိုင်သလို တောရိုင်းတိရစ္ဆာန်တွေရဲ့ရန်နဲ့လည်း ကြုံရနိုင်သေးတယ်။ ဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့ ဒီလင်မယားဟာ တောနက်ထဲက နွံအိုင်မှာ ပိတ်မိနေတုန်း ဘယ်လိုအန္တရာယ်တွေ ထပ်ကြုံရမလဲ၊ နှစ်ယောက်အတူ ဘယ်လိုရုန်းထွက်ဖို့ ကြိုးစားကြမလဲ။
ဇာတ်လမ်းအကြောင်း