ဇာတ်ကားများ ရွေးရန်

Bon Bini: Judeska in da House

2020ဇာတ်ကားအမှတ် 5.2/1081 မိနစ်

ကိုဗစ်ကပ်ရောဂါဖြစ်နေတဲ့ကာလမှာ ဂျူဒပ်စကာဟာ တူမဖြစ်သူကို သူ့ရည်းစားကောင်လေးအိမ် လမ်းကြုံလိုက်ပို့ပေးပါတယ်။ ကောင်လေးရဲ့အဖေက နိုင်ငံတော်အတွင်းဝန်ဖြစ်ပြီး အဲဒီနေ့မှာပဲ ကိုဗစ်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို အိမ်မှာ လုပ်ဖို့ရှိနေတယ်။ ဂျူဒပ်စကာကတော့ အလိုက်အထိုက်နေတတ်သူ မဟုတ်ဘဲ လူတွေ ဘယ်လိုမြင်မလဲဆိုတာလည်း သိပ်ဂရုမစိုက်ဘူး။ လိင်ပိုင်းဆိုင်ရာ အပြောအဆိုအပြုအမူတွေမှာလည်း အကဲပိုတတ်တဲ့ လူလတ်ပိုင်းအမျိုးသမီးတစ်ယောက်ပါ။ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ သတင်းစာရှင်းလင်းပွဲထဲ ဂျူဒပ်စကာ ဝင်နှောင့်ယှက်လိုက်တော့ သတင်းသမားတွေက မေးခွန်းထုတ်လာကြတယ်။ အတွင်းဝန်ကလည်း အခြေအနေကို ဖုံးဖိဖို့ ဒီလူမည်းအမျိုးသမီးနှစ်ယောက်ကို လော့ဒေါင်းကာလ နှစ်ပတ်အတွင်း အိမ်မှာလာနေဖို့ ဖိတ်ထားတာပါလို့ ပြောလိုက်ပါတယ်။ ဒါပေမယ့် ဂုဏ်သရေရှိမျိုးရိုးက ဆင်းသက်လာတဲ့ အတွင်းဝန်ကတော် လက်စ်လော့က သူ့သားနဲ့ လူမည်းကောင်မလေးရဲ့ ဆက်ဆံရေးကို သဘောမတူဘူး။ လူမျိုးရေးခွဲခြားပြီး ဧည့်ဝတ်မကျေတဲ့ လက်စ်လော့နဲ့ ကိုယ့်ကိုလာထိရင် နှစ်ဆလောက် ပြန်တုံ့ပြန်ချင်တဲ့ ဂျူဒပ်စကာတို့ တစ်အိမ်တည်းမှာ ထိပ်တိုက်တွေ့ကြပါတော့တယ်။ ဒီဒတ်ချ်ဟာသရုပ်ရှင်မှာ ဂျူဒပ်စကာအဖြစ် အမျိုးသားသရုပ်ဆောင် Jandino Asporaat က အမျိုးသမီးအသွင် ဝတ်ဆင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း