ဇာတ်ကားများ ရွေးရန်

Trial Period

2023ဇာတ်ကားအမှတ် 6.0/10125 မိနစ်

အဖေမရှိဘဲ မိခင်နဲ့ ကြီးပြင်းလာတဲ့ ကလေးလေးတစ်ယောက်ဟာ ကျောင်းက သူငယ်ချင်းတစ်ယောက် သူ့အဖေအကြောင်း ကြွားပြောတာကို ကြားရတဲ့အခါ အဖေဆိုတာကို တမ်းတလာပါတယ်။ အဖေများနေ့မှာလည်း ရှေ့ထွက်ပြီး အဖေအကြောင်း သီချင်းဆိုရတဲ့အခြေအနေကို ကြုံလာရတယ်။ ဒီလိုနဲ့ သူ့မှာလည်း အဖေတစ်ယောက် ရှိစေချင်လာတော့ မိခင်ကို ပူဆာပါတော့တယ်။ သူပူဆာပုံကတော့ အဖေတစ်ယောက်ကို အစမ်းခေါ်ပေးဖို့ပါ။ ပစ္စည်းတစ်ခုကို အစမ်းသုံးကြည့်သလို တစ်လလောက် စမ်းနေကြည့်ပြီး အဆင်မပြေရင် ပြန်ပို့လိုက်လို့ရတယ်လို့ ကလေးက တွေးထားတာ။ ကလေးတစ်ယောက်ရဲ့ ဒီတောင်းဆိုချက်ကနေ စထားတဲ့ ဇာတ်လမ်းမှာ ကြည်နူးစရာနဲ့ ဝမ်းနည်းစရာအခိုက်အတန့်တွေ ပါဝင်ပြီး မိခင်နေရာမှာတော့ Force 1 နဲ့ 2 ထဲက မင်းသမီး ဂနယ်လီယာ သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း