ဇာတ်ကားများ ရွေးရန်

Open Water

2003ဇာတ်ကားအမှတ် 5.5/1079 မိနစ်

ဒန်နီရယ်နဲ့ ဆူဆန်တို့ ဇနီးမောင်နှံဟာ ရေငုပ်ဖို့အတွက် ခရီးသွားဧည့်လမ်းညွှန်တွေနဲ့ တခြားခရီးသည်တွေနဲ့အတူ ပင်လယ်ပြင်ကို ထွက်လာကြပါတယ်။ ရေငုပ်နေတုန်း အဖွဲ့နဲ့ခွဲပြီး နည်းနည်းပိုနက်တဲ့နေရာအထိ သွားစူးစမ်းမိတာကြောင့် ပြန်ဆုံရမယ့်နေရာကို နောက်ကျမှ ရောက်လာကြတယ်။ ကံဆိုးချင်တော့ လှေပေါ်က ဧည့်လမ်းညွှန်က လူရေတွက်မှားပြီး သူတို့နှစ်ယောက် မပါသေးတာကို မသိဘဲ ပြန်ထွက်သွားခဲ့ပါတယ်။ ပင်လယ်အလယ်မှာ ကျန်ခဲ့တဲ့ သူတို့နှစ်ယောက်ဟာ ရေစီးနဲ့မျောပါနေရင်း အနီးနားက သင်္ဘောကြီးတစ်စီးကို လှမ်းအချက်ပြပေမယ့် ဘယ်သူမှ မမြင်ကြဘူး။ ဒီကြားထဲ ငါးမန်းတွေနဲ့ပါ ရင်ဆိုင်လာရပြီး အချိန်ကြာလာတာနဲ့အမျှ အသက်ရှင်ဖို့ အခွင့်အရေးလည်း နည်းလာပါတယ်။ ကယ်တင်မယ့်သူ ရောက်လာပါ့မလား၊ အစာရေစာပြတ်လပ်မှုနဲ့ ငါးမန်းအန္တရာယ်ကြားမှာ သူတို့နှစ်ယောက် ဆက်တောင့်ခံနိုင်ပါ့မလား။

ဇာတ်လမ်းအကြောင်း