ဇာတ်ကားများ ရွေးရန်

Session 9

2001ဇာတ်ကားအမှတ် 6.2/10100 မိနစ်

ဂေါ်ဒွန်ဦးဆောင်တဲ့အဖွဲ့က ကျောက်ဂွမ်းမှုန့်တွေ ရှင်းလင်းသန့်စင်ပေးတဲ့အဖွဲ့ပါ။ စိတ်ကျန်းမာရေးဆေးရုံတစ်ခုကို ပြန်လည်ပြုပြင်မယ့်လုပ်ငန်းမှာ လေလံဝင်ဆွဲကြပြီး အနည်းဆုံး သုံးပတ်လောက်ကြာမယ့်အလုပ်ကို တစ်ပတ်အတွင်း ပြီးအောင်လုပ်ပေးမယ်လို့ ကတိပေးကာ အလုပ်ရလာကြတယ်။ ဂေါ်ဒွန်ကတော့ သူ့မိန်းမဝင်ဒီနဲ့ သမီးလေးအကြောင်းကြောင့် တစ်ခုခု စိတ်ရှုပ်နေပုံရပါတယ်။ ဆေးရုံမှာ အလုပ်လုပ်နေကြရင်း Session 9 ဆိုတဲ့ အသံဖမ်းခွေကို ဖွင့်မိကြတယ်။ အဲဒီခွေမှာ မေရီဆိုတဲ့ စိတ်အခြေအနေကွဲပြားမှုရှိတဲ့ လူနာတစ်ယောက်ကို ဆွေးနွေးမေးမြန်းထားတာပါ။ အဖွဲ့ထဲက ဟန့်ဟာလည်း ငွေပြားတွေ ရှာတွေ့ပြီးတဲ့နောက် ထူးထူးဆန်းဆန်း ပျောက်သွားတယ်။ အဲဒီနောက် ဆေးရုံထဲမှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခု ဆက်ဖြစ်လာပါတော့တယ်။

ဇာတ်လမ်းအကြောင်း