Pa-Thirsty
အခင်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Kween Pearl နဲ့ Kween Achilles တို့ဟာ အချစ်ငတ်နေတဲ့စိတ်ကို ဖြေဖျောက်ဖို့ အားလပ်ရက်ခရီး ထွက်လာကြပါတယ်။ အချစ်ကို လိုက်ရှာရင်း နှစ်ယောက်စလုံးက ကောင်လေးတစ်ယောက်တည်းကို ချစ်မိသွားတဲ့အခါ သူငယ်ချင်းချင်း အချစ်ပြိုင်ဘက်တွေ ဖြစ်လာကြတယ်။ အချစ်အတွက် ယှဉ်ပြိုင်လာကြတဲ့ သူတို့နှစ်ယောက်ကြား ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဟာသနဲ့ ရောစပ်ပြထားပါတယ်။ ဒီဖိလစ်ပိုင်အချစ်ဟာသဇာတ်ကားက LGBT လူတွေရဲ့အကြောင်းကို တင်ပြထားပြီး ဘယ်လိုလိင်ဖြစ်တည်မှုရှိသူမဆို တန်းတူအချစ်ခံထိုက်တယ်ဆိုတဲ့ အမြင်ကို ဖော်ပြထားပါတယ်။ လူကြီးများအတွက်သာ သင့်တော်တဲ့အခန်းတချို့နဲ့ စကားအသုံးအနှုန်းကြမ်းတွေ ပါဝင်ပါတယ်။
ဇာတ်လမ်းအကြောင်း