ဇာတ်ကားများ ရွေးရန်

Revealer

2022ဇာတ်ကားအမှတ် 5.4/1086 မိနစ်

အန်ဂျီက ကလပ်တစ်ခုမှာ အဖော်အချွတ်ကတဲ့ အကမယ်ဖြစ်ပြီး ဆယ်လီကတော့ ဘာသာရေးကို အလွန်ကိုင်းရှိုင်းသူပါ။ အန်ဂျီတို့လို မိန်းကလေးတွေကြောင့် ကမ္ဘာကြီးမှာ အပြစ်တွေများလာတယ်လို့ ယူဆတဲ့ ဆယ်လီဟာ အဖော်အချွတ်ကလပ်တွေအပြင်မှာ ဆန္ဒပြလေ့ရှိပါတယ်။ တစ်ရက်မှာ အန်ဂျီက ကလပ်ထဲမှာ ကနေပြီး ဆယ်လီက အပြင်မှာ ဆန္ဒပြနေတုန်း ကောင်းကင်တစ်ခုလုံး နီရဲလာတယ်။ ထူးဆန်းတဲ့အရာတွေ မိုးရွာသလို ကျလာပြီး အပြင်မှာရှိတဲ့ ဆန္ဒပြသူတွေ အန္တရာယ်ကြုံကြရသလို အချင်းချင်းလည်း စိတ်ရိုင်းဝင်ကာ သတ်ဖြတ်ကုန်ကြပါတယ်။ ဆယ်လီကတော့ အဲဒီအန္တရာယ်ကနေ လွတ်ပြီး ကလပ်ထဲကို ဝင်ခိုနိုင်ခဲ့ပေမယ့် အန်ဂျီနဲ့အတူ အထဲမှာ ပိတ်မိသွားတယ်။ ကျမ်းစာနဲ့ အကျွမ်းတဝင်ရှိတဲ့ ဆယ်လီက ဒီဖြစ်ရပ်တွေဟာ အပြစ်ရှိသူတွေများလာလို့ ကမ္ဘာကို ကပ်ဆေးနေတာလို့ တတွတ်တွတ်ပြောနေပါတယ်။ အန်ဂျီကလည်း သူ့စကားတွေကို ဘုနဲ့ဘောက် ပြန်ပြောရင်း နှစ်ယောက်သား ကလပ်ထဲက လွတ်ဖို့နဲ့ ကောင်းကင်က ကျလာတဲ့အရာတွေရန်က ဝေးဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် သူတို့ရှေ့မှာ နောက်ထပ်ပြဿနာတွေ ဆက်စောင့်နေပါတယ်။ ဇာတ်လမ်းက သမ္မာကျမ်းသစ်ရဲ့ နောက်ဆုံးကျမ်းဖြစ်တဲ့ Revelation ထဲက ကမ္ဘာ့နောက်ဆုံးနေ့ရက်များအကြောင်းကို ကိုးကားထားပါတယ်။ သွေးထွက်သံယိုအခန်းအနည်းငယ်နဲ့ ကြမ်းတမ်းတဲ့ အပြောအဆိုတွေလည်း ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း