A Christmas Cookie Catastrophe
မေပယ်ဝုဟာ ခရစ္စမတ်ကို စည်စည်ကားကား ဆင်နွှဲကြတဲ့ နယ်မြို့လေးပါ။ အဲဒီမြို့မှာ ခရစ္စမတ်ကာလရောက်တိုင်း ရောင်းအားကောင်းပြီး လက်ရာနဲ့ နာမည်ရနေတဲ့ ခူးပါကွတ်ကီးလုပ်ငန်း ရှိပါတယ်။ တည်ထောင်သူ အဖွားခူးပါ ကွယ်လွန်သွားတဲ့နောက် နယူးယော့ခ်ကနေ ရောက်လာတဲ့ မြေးမလေး အန်နီခူးပါက လုပ်ငန်းရဲ့ CEO ဖြစ်လာတယ်။ အန်နီက တာဝန်ယူပြီးတာနဲ့ လုပ်ငန်းအသုံးစရိတ်တွေ လျှော့ချလိုက်ပါတယ်။ သူ့လုပ်ဆောင်ချက်တွေကြောင့် ရှယ်ယာရှင်တွေအပါအဝင် မြို့သူမြို့သားတွေကပါ သူ့ကို မကြည်မလင်ဖြစ်လာကြပြီး စခရူးမက်ဒက်ခ်လို့တောင် နာမည်ပြောင်ပေးထားကြတယ်။ အဲဒီအချိန်မှာပဲ ခူးပါကွတ်ကီးရဲ့ အနာဂတ်ကို အဆုံးသတ်သွားစေနိုင်တဲ့ လျှို့ဝှက်ကိစ္စတစ်ခု ဆိုင်ထဲမှာ ဖြစ်လာပါတယ်။ ဒီကိစ္စကို ဘယ်သူလုပ်တာလဲ၊ အန်နီကို ပညာပေးချင်လို့လား၊ လုပ်ငန်းကို ဖျက်ဆီးချင်လို့လား၊ ဒါမှမဟုတ် တခြားရည်ရွယ်ချက် ရှိနေသလားဆိုတာ မသိရသေးဘူး။ အန်နီကလည်း မြို့သူမြို့သားတွေ မသိခင် ပြဿနာကို ဖြေရှင်းရတော့မယ်။ တစ်ဖက်မှာ ဘယ်လာကွတ်ကီးဆိုင်ပိုင်ရှင် ဆမ်တို့သားအဖနဲ့ ဘယ်လိုဆုံတွေ့လာမလဲဆိုတာလည်း ရှိနေပါတယ်။ ဆိုင်ကို ကယ်တင်ဖို့ အတူကြိုးစားပေးကြသူတွေနဲ့ အန်နီတို့ကြားက အလွဲတွေကို ဟာသနဲ့ ပြထားပြီး အချစ်ဇာတ်လမ်းလည်း အနည်းငယ် ပါဝင်ပါတယ်။ ၂၀၂၂ ခုနှစ်ထွက် ဒီခရစ္စမတ်ဇာတ်ကားမှာ Victor Webster၊ Rachel Boston နဲ့ ကလေးသရုပ်ဆောင် Averie Peters တို့ ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း