Christmas Bloody Christmas
ခရစ္စမတ်အကြိုညမှာ Tori နဲ့ Robbie တို့နှစ်ယောက်က အရက်သောက်ပြီး ပျော်ပျော်ပါးပါး ကဲဖို့ စီစဉ်နေကြပါတယ်။ အဲဒီအချိန်မှာ အရုပ်ဆိုင်ရဲ့ ဆန်တာကလော့စ်နေရာကို အစားထိုးမယ့် စက်ရုပ်ကြီး စတင်လှုပ်ရှားလာတယ်။ ကာကွယ်ရေးသုံး ဆော့ဖ်ဝဲတွေနဲ့ တည်ဆောက်ထားတဲ့ ဒီစက်ရုပ်ဟာ ချို့ယွင်းသွားရာက လူသတ်စက်ရုပ် ဖြစ်သွားပါတယ်။ ဆန်တာစက်ရုပ်ကြီးက လူတွေကို စတင်သတ်ဖြတ်လာတော့ ပျော်ဖို့ပြင်နေတဲ့ Tori တို့လည်း အသက်လွတ်အောင် ရုန်းကန်ကြရတော့တယ်။ Shudder ရဲ့ ဒီထိတ်လန့်ဇာတ်ကားမှာ ခရစ္စမတ်အကြိုညက စက်ရုပ်လက်ကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားရတဲ့ည ဖြစ်သွားပါတယ်။
ဇာတ်လမ်းအကြောင်း