ဇာတ်ကားများ ရွေးရန်

Behen Hogi Teri

2017ဇာတ်ကားအမှတ် 6.2/10128 မိနစ်

Gattu နဲ့ Binny တို့က တစ်လမ်းတည်းမှာ မျက်နှာချင်းဆိုင်နေကြပြီး အတူကစား၊ အတူကြီးပြင်းလာခဲ့တဲ့ ငယ်သူငယ်ချင်းတွေပါ။ Gattu က Binny ကို ချစ်နေပေမယ့် ဖွင့်မပြောရဲလို့ ညီမလေးတစ်ယောက်လိုပဲ စောင့်ရှောက်ပေးနေတယ်။ တစ်နေ့တော့ ဖွင့်ပြောပြီး သူနဲ့ လက်ထပ်မယ်လို့လည်း စိတ်ကူးထားပါတယ်။ ဒါပေမယ့် နှစ်ဖက်မိဘနဲ့ ပတ်ဝန်းကျင်က သူတို့ကို မောင်နှမတွေလိုပဲ မြင်ထားကြပြီး တခြားသူတွေနဲ့ အသီးသီး အိမ်ထောင်ပြုဖို့ တိုက်တွန်းနေကြတယ်။ Gattu အရဲစွန့်ပြီး ဖွင့်ပြောလိုက်ချိန်မှာတော့ Binny ရဲ့မိဘတွေက သူ့သမီးကို တခြားကောင်လေးတစ်ယောက်နဲ့ စေ့စပ်လက်ထပ်ပေးဖို့ စီစဉ်နေကြပါပြီ။ ရာဂျ်ကူမားရောဝ်နဲ့ ရူရ်သီးဟာစန်တို့ ပါဝင်တဲ့ ဒီအချစ်ဟာသကားမှာ Gattu က Binny နဲ့ လက်တွဲရဖို့ ဘယ်လိုကြံမလဲ။ Binny ကရော သူ့ကို အစ်ကိုတစ်ယောက်လိုပဲ သဘောထားတာလား။ တစ်သက်လုံး မောင်နှမလို မြင်လာခဲ့တဲ့ မိဘအသိုင်းအဝန်းကရော သူတို့နှစ်ယောက်ကို လက်ခံပေးပါ့မလား။

ဇာတ်လမ်းအကြောင်း