ဇာတ်ကားများ ရွေးရန်

The Fabulous Baker Boys

1989ဇာတ်ကားအမှတ် 6.6/10114 မိနစ်

ဖရန့်ခ်နဲ့ ဂျက်ခ် ဘိတ်ကာတို့ ညီအစ်ကိုနှစ်ယောက်ဟာ အပန်းဖြေတည်းခိုခန်းတွေနဲ့ စားသောက်ဆိုင်တွေမှာ လှည့်လည်ဖျော်ဖြေလာတာ ၁၅ နှစ်ကျော်ရှိပြီဖြစ်တဲ့ ပရော်ဖက်ရှင်နယ် စန္ဒရားပညာရှင်တွေပါ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သူတို့ပွဲကို လာကြည့်သူတွေ နည်းလာတော့ အရင်ပုံစံအတိုင်းပဲ ဆက်ဖျော်ဖြေနေလို့ မဖြစ်တော့ဘူးဆိုတာ သဘောပေါက်လာကြတယ်။ ပရိသတ်တွေကို ပြန်ဆွဲဆောင်နိုင်ဖို့ အမျိုးသမီးအဆိုတော်တစ်ယောက် ခေါ်ဖို့ ဆုံးဖြတ်ပြီး လူရွေးပွဲလုပ်ကြပါတယ်။ အဲဒီကနေ ဆူစီ ဒိုင်းမွန်းဆိုတဲ့ အဆိုတော်ကို ရွေးချယ်လိုက်ကြတယ်။ သုံးယောက်အတူ လှည့်လည်ဖျော်ဖြေကြရင်း တစ်ယောက်နဲ့တစ်ယောက်ကြား မကျေနပ်မှုတွေ ရှိလာတဲ့အခါ သူတို့ရဲ့ တွဲဖက်ဖျော်ဖြေမှုက ဘယ်လိုဆက်ဖြစ်သွားမလဲ။ ၁၉၈၉ ခုနှစ်က ရိုက်ကူးထားတဲ့ ဂီတဒရာမာရုပ်ရှင်ဖြစ်ပြီး အော်စကာဆု လေးဆုအတွက် ဆန်ခါတင်ဝင်ခဲ့ပါတယ်။ အသံပိုင်းအတွက်လည်း ဆုရရှိထားတဲ့ ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း