Shepherd
အဲရစ်ဘလက်ဟာ မိဘတွေထက်တောင် ဇနီးသည်ကို ပိုချစ်ခဲ့သူပါ။ ဒါပေမယ့် တခြားယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်ပြီး ကိုယ်ဝန်ရှိနေတဲ့ ဇနီးသည်ကို မကြာသေးခင်ကပဲ မြေမြှုပ်ခဲ့ရတယ်။ အဲဒီနောက် ခြေရာဖျောက်ဖို့ ကြိုးစားရင်း လှေမောင်းတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ချိတ်ဆက်ပေးမှုနဲ့ လူသူမရှိတဲ့ စကော့တလန်ကျွန်းတစ်ကျွန်းမှာ သိုးထိန်းအလုပ် လာလုပ်နေပါတယ်။ ကျွန်းပေါ်မှာ ဘက်စ်တာဆိုတဲ့ ခွေးလေးနဲ့အတူ အလုပ်လုပ်ရင်း နေ့တွေကို ဖြတ်သန်းနေပေမယ့် ဇနီးသည်အကြောင်းက သူ့အတွေးထဲကနေ ပျောက်မသွားဘူး။ တစ်ယောက်တည်းနေရတဲ့အချိန် များလာလေလေ အဲဒီအဖြစ်အပျက်တွေကို ပိုတွေးမိလေလေ ဖြစ်လာတယ်။ နောက်တော့ အတွေးတွေတင် မကတော့ဘဲ ပုံမှန်မဟုတ်တဲ့ အရာတွေကို မြင်ရ၊ ကြားရလာပြီး ထင်ယောင်ထင်မှားဖြစ်မှုတွေက သူ့ကို လွှမ်းမိုးလာပါတယ်။ အဲရစ်တစ်ယောက် ကိုယ့်စိတ်အခြေအနေကို ဘယ်လိုထိန်းချုပ်မလဲ။ သူလက်ခံထားတဲ့အရာတွေနဲ့ အမှန်တရားကရော တစ်ထပ်တည်းကျရဲ့လား။ ဘာကို အမှန်လို့ ယုံကြည်ရမလဲဆိုတာကိုတောင် သူရွေးချယ်ရတော့မှာပါ။
ဇာတ်လမ်းအကြောင်း