ဇာတ်ကားများ ရွေးရန်

Student Body

2022ဇာတ်ကားအမှတ် 4.4/1088 မိနစ်

ဂျိန်းနဲ့ မဲရစ်တို့က ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ သူငယ်ချင်းတွေဆိုပေမယ့် ဆက်ဆံရေးကတော့ သိပ်မပြေလည်လှပါဘူး။ အထက်တန်းကျောင်းရောက်တဲ့အခါ ဂျိန်းက မဲရစ်ရဲ့ သူငယ်ချင်းအဖွဲ့ထဲ ဝင်ဆံ့ချင်တာကြောင့် ခိုင်းသမျှကို လိုက်လုပ်ပေးနေတယ်။ စာတော်တဲ့သူဖြစ်ပေမယ့် မတော်ချင်ယောင်တောင် ဆောင်နေတဲ့အတွက် ကျောင်းကဆရာ မစ္စတာအန်စပက်ခ်ရဲ့ ကြိမ်းမောင်းမှုတွေကိုလည်း ခံရပါတယ်။ တစ်ညမှာတော့ သူတို့သူငယ်ချင်းတစ်စု ကျောင်းထဲကို အချိန်မတော် ခိုးဝင်ကြတယ်။ အဲဒီကနေ ထင်မှတ်မထားတဲ့ ကြောက်စရာဖြစ်ရပ်တွေ စလာပြီး ကျောင်းရဲ့ လုံခြုံရေးစနစ်တွေကြောင့် အပြင်ပြန်ထွက်လို့မရဘဲ ပိတ်မိသွားကြပါတယ်။ ကျောင်းထဲမှာ ပိတ်မိနေတဲ့ ဂျိန်းတို့အဖွဲ့ဟာ ဘေးအန္တရာယ်တွေကို တစ်ခုပြီးတစ်ခု ရင်ဆိုင်ကြရတော့တယ်။ ၂၀၂၂ ခုနှစ်ထွက် ဒီထိတ်လန့်သည်းဖိုဇာတ်ကားကို Lee Ann Kurr က ရိုက်ကူးထားပြီး Montse Hernandez၊ Cheyenne Haynes၊ Anthony Keyvan၊ Harley Quinn Smith နဲ့ Austin Zajur တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း