ဇာတ်ကားများ ရွေးရန်

My Sassy Girl

2022ဇာတ်ကားအမှတ် 6.7/10117 မိနစ်

ဂီအန်ဟာ မိန်းကလေးတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံမရှိသေးတဲ့ ရိုးရိုးသားသား လူပျိုတစ်ယောက်ပါ။ ကြီးတော် စီစဉ်ပေးထားတဲ့ ဘလိုင်းဒိတ်ကို သွားမယ့်လမ်းမှာ အရက်မူးပြီး လူတွေကို လိုက်ရစ်နေတဲ့ ဆစ်စီဆိုတဲ့ ကောင်မလေးနဲ့ မထင်မှတ်ဘဲ ဆုံမိတယ်။ ဒီလိုစတွေ့ခဲ့တဲ့ ကောင်မလေးက ဂီအန်ရဲ့ အချစ်ဦးဖြစ်လာပြီး သူကတော့ ဆစ်စီကို “မိထူးဆန်း” လို့ ချစ်စနိုးနာမည်ပေးထားပါတယ်။ သူတို့နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းကို ဂီအန်ရဲ့ ရှုထောင့်ကနေ ပြောပြထားတာပါ။ ဒီအင်ဒိုနီးရှား ဟာသအချစ်ဇာတ်ကားဟာ Jun Ji-hyun နဲ့ Cha Tae-hyun တို့ ပါဝင်ထားတဲ့ ကိုရီးယားရုပ်ရှင် My Sassy Girl ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မူရင်းဇာတ်လမ်းကို တရုတ်၊ ဂျပန်၊ ထိုင်းတို့လို အာရှနိုင်ငံတွေအပြင် ဟောလီးဝုဒ်မှာပါ ပုံစံအမျိုးမျိုးနဲ့ ပြန်လည်ရိုက်ကူးခဲ့ကြပါတယ်။

ဇာတ်လမ်းအကြောင်း