Days of the Bagnold Summer
မိဘတွေ ကွဲနေတဲ့ ဆယ်ကျော်သက်ကောင်လေး ဒန်နီရယ် ဘက်နိုးလ်က နွေရာသီကျောင်းပိတ်ရက်မှာ အဖေ့ဆီ သွားဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ အဲဒီအစီအစဉ် ပျက်သွားတော့ အတူနေတဲ့ အမေနဲ့ပဲ နွေရာသီကို ဖြတ်သန်းရတော့တယ်။ သူအရမ်းကြိုက်တဲ့ heavy metal သီချင်းတွေကိုလည်း အမေက နားဆူတဲ့အရာတွေလို့ပဲ မြင်နေပါတယ်။ ရွယ်တူသူငယ်ချင်းနှစ်ယောက်က သူတို့ရည်းစားတွေအကြောင်း လာကြွားကြသလို အမေ့ရဲ့ နောင်ရည်းစားဖြစ်လာမယ့်သူကလည်း သူ့ကျောင်းက ဆရာ ဖြစ်နေပြန်တယ်။ အလုပ်လိုက်လျှောက်တော့လည်း ဘယ်နေရာကမှ လက်မခံကြဘူး။ ဒန်နီရယ်အတွက် ဒီနွေရာသီက ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။ ဒီအဆင်မပြေမှုတွေကို သူ ဘယ်လိုရင်ဆိုင်မလဲ။ သူဟာ တကယ်ပဲ လူတွေထင်သလို ဆိုးသွမ်းတဲ့ကောင်လေးလား၊ အမေ ဆူးကရော သားဖြစ်သူကို ဘယ်အချိန်အထိ နားလည်ပေးနိုင်မလဲဆိုတဲ့ မေးခွန်းတွေကြားမှာ သားအမိနှစ်ယောက်ရဲ့ နေ့စဉ်ဘဝကို ဟာသ၊ ဒရာမာနဲ့ ဂီတတို့ ရောစပ်တင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း