ဇာတ်ကားများ ရွေးရန်

All the Moons

2020ဇာတ်ကားအမှတ် 7.6/10102 မိနစ်

စပိန်နိုင်ငံမှာ တတိယကာလစ်စစ်ပွဲ ဖြစ်နေချိန်၊ ကောင်မလေးတစ်ယောက် နေထိုင်တဲ့ မိဘမဲ့ဂေဟာပေါ်ကို ဗုံးတစ်လုံး ကျလာပါတယ်။ သတိပြန်ရလာတဲ့အခါ ဂေဟာက တခြားလူတွေ အားလုံး သေဆုံးနေကြပြီး သူကိုယ်တိုင်လည်း အသက်ငင်နေရပြီ။ အဲဒီအချိန်မှာ ထူးဆန်းတဲ့ အမျိုးသမီးကြီးတစ်ယောက် ရောက်လာပြီး သူ့ကို ခေါ်သွားကာ ဆေးကုပေးလိုက်ပါတယ်။ နောက်တစ်ခါ နိုးလာတော့ ကောင်မလေးရဲ့ ဒဏ်ရာတွေ ပျောက်သွားပြီး နာကျင်မှုလည်း မရှိတော့ဘူး။ ဘယ်လိုကုလိုက်တာလဲလို့ မေးတော့ အမျိုးသမီးကြီးက “အနမ်းတစ်ပွင့်” နဲ့ ကုလိုက်တာလို့ပဲ ဖြေပါတယ်။ သူနဲ့အတူ တခြားလူတွေလည်း ရှိနေပြီး အားလုံးက စစ်သားတွေဆီကနေ ပုန်းနေကြတာကို ကောင်မလေး သိလာရတယ်။ နောက်နေ့မှာတော့ စစ်သားတွေက သူတို့ပုန်းနေတဲ့ နေရာကို သိသွားပြီး ဝင်စီးကြပါတယ်။ အမျိုးသမီးကြီးနဲ့ ကောင်မလေးတို့ အတူထွက်ပြေးကြရင်း ချောက်ကမ်းပါးနား ရောက်သွားတဲ့အခါ အမျိုးသမီးကြီးက သေနတ်နဲ့ အပစ်ခံရပြီး ကောင်မလေးက ချောက်ထဲ ကျသွားပါတော့တယ်။ အဲဒီနောက် ဖြစ်ရပ်တွေကို ဇာတ်ရှိန်အေးအေးနဲ့ ဆက်ပြထားတဲ့ စိတ်ကူးယဉ်၊ ထိတ်လန့်ဒရာမာဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း