Tu Jhoothi Main Makkaar
မစ်ကီဆိုတဲ့ သူဌေးသားလေးက ချစ်သူကို လမ်းခွဲစကားပြောဖို့ အခက်တွေ့နေသူတွေကို ကူညီပေးတဲ့ လမ်းခွဲရေးသမားတစ်ယောက်ပါ။ သူများတွေရဲ့ လမ်းခွဲကိစ္စကို အောင်အောင်မြင်မြင် ကူညီပေးလာခဲ့ပေမဲ့ အချစ်ဆုံးသူငယ်ချင်း မန်နူရဲ့ အလှည့်ရောက်မှ သူကိုယ်တိုင် အခက်တွေ့ရပါတော့တယ်။ မန်နူကို သူ့ချစ်သူနဲ့ လမ်းခွဲနိုင်ဖို့ ကူညီပေးနေရင်း မန်နူရဲ့ သတို့သမီးလောင်း ကင်ချီရဲ့ သူငယ်ချင်း တင်နီကို မစ်ကီက မြင်မြင်ချင်း ချစ်မိသွားတယ်။ ဒီတော့ သူငယ်ချင်းရဲ့ လမ်းခွဲကိစ္စကို ဆက်ကူညီပေးဦးမလား၊ ကြုံလာမယ့် အလွဲတွေကို ဘယ်လိုရှင်းမလဲ။ တင်နီနဲ့ သူ့ကြားက ကွာခြားချက်တွေကြောင့်လည်း သူတို့အချစ်ရေးမှာ ဘာတွေကြုံလာရဦးမလဲဆိုတာကို ဟာသနှောပြီး ပြထားပါတယ်။ ၂၀၂၃ ခုနှစ် ဟာသအချစ်ရုပ်ရှင်ဖြစ်ပြီး Shraddha Kapoor ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရုံဝင်ငွေ ကုဋေ ၂၁၉.၇၂ ရရှိထားတဲ့ ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း