Ella Enchanted
ဖရဲလ်မြို့လေးမှာ မွေးဖွားလာတဲ့ အယ်လာကို အရက်သောက်တတ်ပြီး ကပေါက်တိကပေါက်ချာနိုင်တဲ့ နတ်သမီးတစ်ပါးက ဆုတစ်ခု ပေးသွားပါတယ်။ အဲဒီဆုကတော့ နာခံတတ်သူဖြစ်စေမယ့် မှော်အတတ်ပါ။ နာခံတတ်တာ ကောင်းတယ်ဆိုပေမဲ့ အယ်လာအတွက်တော့ ဘယ်သူက ဘာခိုင်းခိုင်း ငြင်းလို့မရဘဲ လိုက်လုပ်ပေးရတဲ့ဘဝနဲ့ ကြီးပြင်းလာရတာပါ။ သူနေတဲ့တိုင်းပြည်မှာ အရင်က လူထွားကြီးတွေ၊ နတ်သူငယ်တွေ၊ နတ်သမီးတွေနဲ့ ဘီလူးတွေ အတူနေထိုင်ခဲ့ကြတယ်။ ဘုရင်ကြီး နတ်ရွာစံပြီး သူ့ညီနဲ့ သားတော်တို့လက်ထက် ရောက်လာချိန်မှာတော့ လူသားတွေ ကြီးစိုးလာပါတယ်။ ဘီလူးတွေကို နှင်ထုတ်ပြီး လူထွားကြီးတွေကို ခိုင်းစားကြသလို နတ်သူငယ်တွေကိုလည်း ဖျော်ဖြေရေးသမားတွေအဖြစ် လုပ်ကိုင်စေကြတယ်။ အယ်လာရဲ့ဖခင် နောက်အိမ်ထောင်ပြုတဲ့အခါ မိထွေးနဲ့အတူ သမီးနှစ်ယောက် ပါလာပါတယ်။ အဲဒီညီအစ်မက အယ်လာဟာ အမိန့်ကို မငြင်းနိုင်မှန်း သိသွားတော့ သူ့ကို အမျိုးမျိုး အနိုင်ကျင့်ကြတယ်။ အယ်လာကလည်း ဒီကျိန်စာကနေ လွတ်မြောက်ဖို့ ကြိုးစားရင်း တိုင်းပြည်ရဲ့ အရှုပ်အထွေးတွေကြားမှာ အခက်အခဲတွေ ကြုံလာရပါတယ်။ Anne Hathaway နဲ့ Hugh Dancy တို့ အဓိကပါဝင်ထားတဲ့ မိသားစုကြည့် ဟာသစိတ်ကူးယဉ်ဇာတ်ကားဖြစ်ပြီး အင်္ဂလန်၊ အမေရိကန်နဲ့ အိုင်ယာလန်တို့က ရုပ်ရှင်ကုမ္ပဏီသုံးခု ပူးပေါင်းရိုက်ကူးထားတာပါ။ ရုံတင်ဝင်ငွေမှာတော့ အရှုံးပေါ်ခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း