Blessed Boys
အီတလီနိုင်ငံ နေပယ်မြို့က ပျံကျရပ်ကွက်လေးမှာ လီနိုတို့ မိသားစုသုံးယောက်၊ သူငယ်ချင်းမာရီယိုနဲ့ သူငယ်ချင်းထက်ပိုပေမဲ့ ချစ်သူလို့လည်း မဆိုရသေးတဲ့ အက်စီတို့ နေထိုင်ကြပါတယ်။ ကျောင်းနေအရွယ်မှာပဲ ဘဝအခြေအနေကြောင့် မိသားစုတာဝန်ကို ထမ်းနေကြရတဲ့ လူငယ်တွေပါ။ လီနိုကလည်း အလုပ်လုပ်လို့ရတဲ့ငွေရော ကိုယ့်ရုပ်ရည်ကို အသုံးချပြီး ရှာလို့ရတဲ့ငွေနဲ့ပါ အိမ်စရိတ်ကို အနိုင်နိုင် ဖြည့်ပေးနေရတယ်။ တစ်ချိန်မှာ လီနိုရဲ့ညီမလေး အန်နာလာဟာ အံ့ဖွယ်တန်ခိုးပြတယ်ဆိုတဲ့ သတင်းနဲ့ ဒေသခံကတ်သလစ်ဘာသာဝင်တွေကြား ရေပန်းစားလာပါတယ်။ သူတို့အိမ်ကို ဘုရားဝတ်ပြုဆုတောင်းဖို့ လာသူတွေ များလာပြီး မူလနေထိုင်လာတဲ့ဘဝကနေ အပြောင်းအလဲတစ်ခု ကြုံလာရတယ်။ မိသားစု၊ ဘာသာရေးနဲ့ LGBT အကြောင်းအရာတွေကို တွဲဖော်ပြရင်း ဒီအပြောင်းအလဲကို သူတို့ငါးယောက် ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဆက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း