ဇာတ်ကားများ ရွေးရန်

The Portable Door

2023ဇာတ်ကားအမှတ် 6.7/10116 မိနစ်

အလုပ်အင်တာဗျူးသွားမယ့်နေ့မှ ဖိနပ်ကြိုး နှစ်ခါပျက်တာမျိုး၊ စာအုပ်ထဲက ဇာတ်ကောင် ရေပန်းထဲပြုတ်ကျတဲ့အချိန် အပြင်မှာလည်း လူတစ်ယောက် ရေပန်းထဲပြုတ်ကျတာနဲ့ ကြုံရပြီး သွားကူရင်း ဖူးစာဆုံတာမျိုးကို တိုက်ဆိုင်မှုလို့ပဲ သဘောထားတတ်ကြပါတယ်။ ဒါပေမယ့် ဒီအဖြစ်အပျက်တွေနောက်မှာ တစ်စုံတစ်ယောက်က စီစဉ်ပေးနေတာဆိုရင်ရော။ မှင်စာတွေနဲ့ မှော်ဆရာတွေက လူတွေရဲ့ အတွေးနဲ့ အာရုံတွေကို ထိန်းချုပ်ပြီး တိုက်ဆိုင်မှုတွေ ဖန်တီးပေးနေတာ ဖြစ်နိုင်မလား။ အလုပ်ရှာနေတဲ့ Paul Carpenter ကလည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ JW Wells ဆိုတဲ့ လုပ်ငန်းတစ်ခုမှာ အလုပ်ရသွားပါတယ်။ သူနဲ့အတူ ထက်မြက်တဲ့ မိန်းကလေး Sophie လည်း အလုပ်သင်အဖြစ် ဝင်လာတယ်။ အလုပ်ရသွားပေမယ့် Paul က သူဘာလုပ်ရမှာလဲဆိုတာ မသိသေးသလို ကုမ္ပဏီကလူတွေ ဘာအလုပ်လုပ်နေကြမှန်းလည်း နားမလည်ဘူး။ အဲဒီအချိန်မှာ CEO Humphrey Wells က သူ့ကို လျှို့ဝှက်တာဝန်တစ်ခု ပေးလိုက်ပါတယ်။ ခရီးသွားတံခါးလို့ခေါ်တဲ့ တံခါးတစ်ခုကို ပြန်ရှာပေးဖို့ပါ။ မမြင်ရတဲ့တံခါးကို ရှာတွေ့ဖို့ Paul ကြိုးစားနေတုန်း Sophie နဲ့ ဝန်ထမ်းအချို့က Humphrey ကို သတိထားဖို့ လာပြောကြတယ်။ Humphrey က ဒီတံခါးကို ဘာကြောင့် ဒီလောက်လိုချင်နေတာလဲ၊ တံခါးက ဘယ်ကိုရောက်အောင် ပို့ပေးနိုင်သလဲ၊ အဲဒီနောက်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေသလဲဆိုတာ Paul အတွက် မေးစရာဖြစ်လာပါတယ်။

ဇာတ်လမ်းအကြောင်း