All I Want
မယ်လစ်ဆာနဲ့ အန်ဒရူးတို့က အိမ်ထောင်သက် ဆယ်နှစ်ပြည့်တဲ့အထိမ်းအမှတ်နဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကို ဖိတ်ပြီး ပါတီလုပ်ကြပါတယ်။ လူစုံလာတော့ အလုပ်အကိုင်၊ စီးပွားရေးနဲ့ အိမ်ထောင်ရေးအကြောင်းတွေ ပြောကြရင်း ငယ်ဘဝက အမှတ်တရတွေကိုလည်း ပြန်သတိရနေကြတယ်။ အားလုံး ပျော်ပျော်ရွှင်ရွှင် ရှိနေကြတုန်းမှာပဲ အိမ်ရှင်လင်မယားက သူတို့ ကွာရှင်းတော့မယ့်အကြောင်း အသိပေးလိုက်ပါတယ်။ အပြင်ကကြည့်ရင် ပျော်ရွှင်စရာအိမ်ထောင်ရေးတစ်ခု ပိုင်ဆိုင်ထားပုံရတဲ့ ဒီနှစ်ယောက်ဟာ ဆယ်နှစ်ပြည့်နှစ်ပတ်လည်နေ့မှာပဲ လမ်းခွဲဖို့ ကြေညာလိုက်တာပါ။ သူတို့ ဘာကြောင့် ဒီအခြေအနေအထိ ရောက်လာရသလဲဆိုတဲ့အကြောင်းနဲ့အတူ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကြားက ဆက်ဆံရေးတွေကိုပါ ဇာတ်လမ်းက ဆက်ပြထားတယ်။ ပျော်ရွှင်နေတဲ့ အပြင်ပန်းအောက်မှာ ရှိနေတဲ့ မကျေနပ်ချက်တွေနဲ့ အမှန်တရားတွေကလည်း တဖြည်းဖြည်း ပေါ်လာပါတယ်။
ဇာတ်လမ်းအကြောင်း