Tenacious D in The Pick of Destiny
မြို့ငယ်လေးတစ်မြို့က ဘာသာတရားကိုင်းရှိုင်းတဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ JB က ရော့ခ်ဂီတကို အရမ်းဝါသနာပါတယ်။ မိသားစုရဲ့ အစဉ်အလာနဲ့ ဆန့်ကျင်နေပေမယ့် ရော့ခ်ဂီတသမား ဖြစ်ချင်တဲ့စိတ်ကို မလျှော့ဘူး။ သူနေတဲ့ပတ်ဝန်းကျင်မှာ ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးလို့ ယူဆပြီး အဆိုတော် Dio ရဲ့ လမ်းညွှန်မှုနဲ့ အိမ်ကထွက်လာရာက ဟောလိဝုဒ်ကို ရောက်သွားပါတယ်။ ဟောလိဝုဒ်မှာ လမ်းဘေးဖျော်ဖြေသူ KG နဲ့ တွေ့တော့ သူ့ရဲ့ ဂစ်တာလက်သံကို သဘောကျသွားတယ်။ ရော့ခ်ဂီတသမားကောင်းတစ်ယောက် ဖြစ်ချင်တဲ့ JB က KG ဆီမှာ တပည့်ခံပြီး သူပေးတဲ့ သင်ခန်းစာတွေနဲ့ စတင်လေ့ကျင့်ပါတယ်။ အောင်မြင်နေတဲ့ ရော့ခ်ဂီတသမားတွေကို လေ့လာရင်း သူတို့သုံးနေတဲ့ ဂစ်တာခတ်ပြားက တစ်မျိုးတည်းဖြစ်နေကြောင်းလည်း သိသွားကြတယ်။ ဒါနဲ့ သူတို့ရဲ့ သီချင်းတွေ ဂန္ထဝင်မြောက်လာဖို့ နတ်ဆိုးဂစ်တာခတ်ပြားကို ရအောင် လိုက်ရှာကြတော့တယ်။ ဒီခတ်ပြားကို ရှာတွေ့ရင် သူတို့မျှော်လင့်သလို အောင်မြင်လာမလား၊ ဆရာတင်ထားတဲ့ KG ရဲ့ သရုပ်မှန်ကရော ဘာဖြစ်မလဲဆိုတဲ့ မေးခွန်းတွေကြားမှာ ရော့ခ်သီချင်းတွေနဲ့ ဟာသတွေ ရောနှောထားပါတယ်။ ဂျက်ဘလက်ခ်နဲ့ ကိုင်းဂတ်စ်တို့က လက်တွေ့မှာလည်း Tenacious D ဆိုတဲ့ ရော့ခ်အဖွဲ့ကို ဖွဲ့ထားကြပြီး ကိုယ်တိုင်သီချင်းရေး၊ တီးခတ်၊ သီဆိုသူတွေပါ။ ဒီဇာတ်ကားကတော့ ဆဲဆိုမှုနဲ့ ရိုင်းစိုင်းတဲ့အကြောင်းအရာတွေ ပါဝင်တဲ့ R-rated ဂီတဟာသကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း