ဇာတ်ကားများ ရွေးရန်

Harold & Kumar Go to White Castle

2004ဇာတ်ကားအမှတ် 6.5/1088 မိနစ်

ကိုရီးယားသားတစ်ယောက်နဲ့ အိန္ဒိယသားတစ်ယောက်ဟာ တိုက်ခန်းတစ်ခန်းမှာ အတူနေကြတဲ့ သူငယ်ချင်းနှစ်ယောက်ပါ။ တစ်ယောက်က ပုံမှန်အလုပ်လုပ်ပြီး ဘဝကိုဖြတ်သန်းနေသူဖြစ်သလို နောက်တစ်ယောက်ကတော့ စာတော်ပေမယ့် ဖြစ်သလိုနေတတ်သူပါ။ အလုပ်ပိတ်ရက်ဆို နှစ်ယောက်သား ဆေးခြောက်သောက်ရင်း အချိန်ကုန်တတ်ကြပါတယ်။ သောကြာနေ့တစ်နေ့မှာ ကိုရီးယားသားက အိမ်ပြန်နားဖို့ စိတ်ကူးထားပေမယ့် လုပ်ဖော်ကိုင်ဖက်တွေရဲ့အလုပ်တွေ သူ့ဆီပုံကျလာတယ်။ အိမ်ရောက်တော့ အလုပ်ရှိလို့ ဒီတစ်ခါ ဆေးခြောက်မသောက်တော့ဘူးလို့ ပြောပေမယ့် သူငယ်ချင်းက ဆွယ်တာနဲ့ နှစ်ယောက်သား သောက်ဖြစ်သွားကြပါတယ်။ မူးလာတဲ့အခါ ဗိုက်ဆာလာကြပြီး ဒီတစ်ခါတော့ အစားအသောက်မှာစားမယ့်အစား ဆိုင်မှာသွားစားချင်နေကြတယ်။ အဲဒီအချိန် တီဗီမှာ White Castle ဟမ်ဘာဂါကြော်ငြာ ပေါ်လာတော့ အဲဒီဆိုင်ကိုသွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဟမ်ဘာဂါစားဖို့ ထွက်လာတဲ့ခရီးက ထင်သလောက်မရိုးရှင်းဘဲ လမ်းတစ်လျှောက် ဒုက္ခမျိုးစုံနဲ့ ကြုံရတော့တယ်။ မူးနေတဲ့သူငယ်ချင်းနှစ်ယောက် ဆိုင်အရောက် သွားနိုင်ပါ့မလားဆိုတဲ့ အလွဲတွေကြားမှာ လူမျိုးရေးခွဲခြားမှု၊ အာရှသားတွေအပေါ် နှိမ်ချဆက်ဆံမှုနဲ့ ရဲတွေရဲ့အနိုင်ကျင့်မှုတွေကိုလည်း သရော်ထားပါတယ်။ အဝတ်မပါသော ကိုယ်ခန္ဓာဖော်ပြချက်တွေ ပါဝင်တဲ့ အရွယ်ရောက်သူဟာသကားပါ။ ဒီကားရဲ့အဖြစ်အပျက်တွေက Harold & Kumar Escape from Guantanamo Bay နဲ့ တိုက်ရိုက်ဆက်ထားပြီး A Very Harold & Kumar Christmas ကတော့ သီးခြားဇာတ်လမ်းဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း