Hook
ပီတာပန် ကြီးပြင်းလာပြီး ပီတာဘန်းနင်းဆိုတဲ့အမည်နဲ့ အိမ်ထောင်ကျကာ သားသမီးတွေ ရှိလာတဲ့အချိန်ကနေ ဇာတ်လမ်းစပါတယ်။ သူက ပီတာပန်ဖြစ်ခဲ့တဲ့ ဘဝဟောင်းနဲ့ နဲဗားလန်းကို မေ့နေပြီ။ အခုတော့ အလုပ်ကိုပဲ ဦးစားပေးလွန်းလို့ ဇနီးနဲ့သားသမီးတွေအပေါ် ပျက်ကွက်မှုတွေရှိနေတဲ့ ဖခင်တစ်ယောက် ဖြစ်လာပါတယ်။ မိသားစုအတွက် အချိန်မပေးနိုင်ဖြစ်နေချိန်မှာပဲ မေ့ထားတဲ့အတိတ်ကို မမျှော်လင့်ဘဲ ပြန်ရင်ဆိုင်ရတော့တယ်။ သူ့ရဲ့ပျောက်ဆုံးနေတဲ့ ဘဝဟောင်းကို ပြန်ရှာတွေ့နိုင်ပါ့မလား။ သားသမီးတွေအတွက်ဆို ဘယ်အထိမဆို လိုက်သွားမယ့် မိဘမေတ္တာကိုရော ဘယ်လိုသက်သေပြနိုင်မလဲဆိုတာ စွန့်စားခန်းတွေကြားမှာ ဆက်တွေ့ရမှာပါ။ Robin Williams ပါဝင်သရုပ်ဆောင်ထားပြီး ပီတာပန်ပုံပြင်ထဲက ဗီလိန် Captain Hook ရဲ့အမည်ကို ယူထားတဲ့ ဒီဇာတ်ကားမှာ မိသားစုနဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ဖော်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း