ဇာတ်ကားများ ရွေးရန်

In Your Dreams

2023ဇာတ်ကားအမှတ် 7.4/10

Pelin နဲ့ Engin တို့ဟာ တစ်ယောက်နဲ့တစ်ယောက် မသိကြတဲ့ သူစိမ်းနှစ်ယောက်ပါ။ ပထမဆုံးဆုံချိန် မျက်လုံးချင်းဆုံလိုက်တဲ့ ခဏမှာ အချိန်တွေ နှေးသွားသလို ခံစားလိုက်ရပေမယ့် ဘာမှမဖြစ်သလိုပဲ ကိုယ့်လမ်းကိုယ် ဆက်သွားကြတယ်။ လူတစ်ယောက်ကို ချစ်မိဖို့ နှစ်မိနစ်နဲ့ ၄၁ စက္ကန့်ပဲ လိုတယ်ဆိုတဲ့အယူအဆကို ဒီဇာတ်ကားမှာ တွေ့ရပါတယ်။ နောက်တစ်နေ့မနက်ရောက်တော့ နှစ်ယောက်စလုံး တစ်အိပ်ရာတည်းမှာ နိုးလာကြတယ်။ ပိုထူးဆန်းတာက သူတို့ လက်ထပ်ထားပြီး နှစ်နှစ်တောင် ကြာနေပြီဆိုတာပါပဲ။ မနေ့ကမှ သူစိမ်းတွေဖြစ်ခဲ့တဲ့နှစ်ယောက်အတွက် ဒီအဖြစ်က အိပ်မက်လား၊ အိပ်မက်ဆိုးလားလို့ ထင်စရာဖြစ်နေတယ်။ အခုတော့ အဲဒီအိပ်မက်ကနေ နိုးထနိုင်ဖို့ သူတို့နှစ်ယောက် ချစ်မိကြဖို့ လိုနေပါတယ်။

ဇာတ်လမ်းအကြောင်း