New York Minute
ဂျိန်းနဲ့ ရော့ဇီဟာ အမြွှာညီအစ်မတွေဖြစ်ပေမယ့် အကျင့်စရိုက်ကတော့ တစ်ယောက်နဲ့တစ်ယောက် အတော်ကွာပါတယ်။ ဂျိန်းက ငယ်ငယ်ကတည်းက စာကြိုးစားပြီး ဘာလုပ်လုပ် အစီအစဉ်နဲ့ နေတတ်သူပါ။ ရော့ဇီကတော့ ပေါ့ပေါ့နေတတ်ပြီး ဂီတကို ဝါသနာပါသလောက် ကျောင်းလည်း ပြေးတတ်တယ်။ Olsen ညီအစ်မနှစ်ယောက်က ဒီအမြွှာဇာတ်ကောင်တွေကို သရုပ်ဆောင်ထားပါတယ်။ တစ်နေ့မှာ ဂျိန်းက တက္ကသိုလ်ပညာရေးအတွက် ပြိုင်ပွဲတစ်ခုမှာ မိန့်ခွန်းပြောရဖို့ ရှိလာတယ်။ အဲဒီနေ့မှာပဲ ရော့ဇီကလည်း သူ့ဂီတလမ်းကြောင်းအတွက် အခွင့်အရေးရနိုင်တဲ့ MV ရိုက်ကွင်းတစ်ခုဆီ သွားဖို့ရှိနေပါတယ်။ ကိုယ်စီရည်ရွယ်ချက်နဲ့ ရထားတစ်စင်းပေါ် အတူလိုက်ပါလာကြတဲ့ ခရီးကနေ ညီအစ်မနှစ်ယောက်ရဲ့ အလွဲတွေ စတော့တယ်။ အမြွှာဆိုပေမယ့် စိတ်တူကိုယ်တူ မရှိကြတဲ့ သူတို့နှစ်ယောက် အတူသွားမိမှပဲ ပြဿနာတွေ တစ်ခုပြီးတစ်ခု ပေါ်လာပါတယ်။
ဇာတ်လမ်းအကြောင်း