Seducing Mr. Perfect
မင်ဂျွန်းက အချစ်စစ်ရှိတယ်လို့ ယုံကြည်ပြီး ချစ်မိပြီဆိုရင် အကုန်ပေးဆပ်တတ်တဲ့ မိန်းကလေးပါ။ သူကပဲ ဖုန်းအရင်ခေါ်၊ သူကပဲ ပြေးတွေ့နဲ့ ကိုယ့်မာနကို ထည့်မတွက်တတ်ပေမယ့် တွဲခဲ့သမျှ ရည်းစားတွေကတော့ သူ့ကို ထားခဲ့ကြတာချည်းပဲ။ လက်ရှိချစ်သူရဲ့ သစ္စာဖောက်စွန့်ပစ်မှုကို ခံလိုက်ရတဲ့အချိန်မှာပဲ သူတို့ကုမ္ပဏီကို သူဌေးအသစ် ရော်ဘင် ရောက်လာပါတယ်။ ရော်ဘင်က မင်ဂျွန်းရဲ့ အဲဒီလိုချစ်တတ်ပုံကို သဘောမကျဘူး။ နှစ်ယောက်တွေ့တိုင်း စကားနိုင်လုကြရင်း ရော်ဘင်ပြောလိုက်တဲ့ စကားတစ်ခွန်းက မင်ဂျွန်းကို အထိနာစေခဲ့တယ်။ ဒီလိုနဲ့ သူဌေးကြီးရဲ့စိတ်ကို ဖမ်းစားပြမယ်ဆိုပြီး မင်ဂျွန်းက စိန်ခေါ်လိုက်ရာကနေ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း စလာပါတယ်။ Uhm Jung Hwa နဲ့ Daniel Henney တို့ အဓိကပါဝင်ထားကြပါတယ်။
ဇာတ်လမ်းအကြောင်း