ဇာတ်ကားများ ရွေးရန်

Everything Is Illuminated

2005ဇာတ်ကားအမှတ် 7.2/10106 မိနစ်

ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုး သန်းနဲ့ချီ အသတ်ခံခဲ့ရပြီး နေရပ်စွန့်ခွာသွားရသူတွေလည်း ရှိခဲ့ပါတယ်။ စစ်ပြီးတဲ့နောက် တချို့က နေရာသစ်မှာပဲ အခြေချနေကြပြီး တချို့ကတော့ နေရပ်ကိုပြန်လာကာ ဆုံးရှုံးခဲ့တဲ့ မိသားစုဝင်တွေရဲ့ အမှတ်တရနဲ့ အတိတ်အကြောင်းတွေကို ပြန်လည်ရှာဖွေကြတယ်။ ဒီဇာတ်လမ်းထဲက အမေရိကန်ဖွား ဂျူးလူငယ်တစ်ယောက်လည်း အဘိုးရဲ့ဇာတိကို ပြန်လာပါတယ်။ အဘိုးငယ်စဉ် နေထိုင်ခဲ့တဲ့နေရာကို ရှာချင်သလို အဘိုး အမေရိကန်ကို စစ်ဘေးရှောင်မသွားခင် နာဇီတွေလက်ကနေ ကယ်တင်ပေးခဲ့တဲ့ အမျိုးသမီးကိုလည်း ကျေးဇူးတင်ချင်လို့ပါ။ ဒီလူငယ်အဖြစ် Elijah Wood က သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ ရှာဖွေရေးခရီးတစ်လျှောက် လူတွေရဲ့ စိတ်သဘောထားနဲ့ လူမျိုးစုတချို့အပေါ် ထားရှိတဲ့ အမြင်လွဲမှားမှုတွေကို ဟာသနှောပြီး ပြထားတယ်။ ဟာသကို အတင်းဖန်တီးထားတာမျိုးထက် ရှုခင်းတွေကြား ခရီးသွားနေရသလို အေးအေးငြိမ့်ငြိမ့် ဇာတ်ကြောင်းပြောထားတဲ့ ရုပ်ရှင်ပါ။

ဇာတ်လမ်းအကြောင်း