Full River Red
စုန့်မင်းဆက်ကာလ စစ်သူကြီးယွဲ့ဖေး ကွယ်လွန်ပြီးနောက်မှာ ဇာတ်လမ်းစထားပါတယ်။ စုန့်နဲ့ ကျင်းတို့ စစ်ဖြစ်နေချိန်မှာ ရန်သူတွေ ကြောက်ရတဲ့ စစ်သူကြီးယွဲ့ဖေးဟာ အမတ်ချုပ်ချင်ဟွေရဲ့ သစ္စာဖောက်မှုစွပ်စွဲချက်နဲ့ ကွပ်မျက်ခံခဲ့ရသူပါ။ သူ့မိခင်ကိုယ်တိုင် ကျောပေါ်မှာ ထိုးပေးထားတဲ့ နိုင်ငံအပေါ် သစ္စာစောင့်သိဖို့ ဆုံးမတဲ့ ဆေးမင်ကြောင်အတိုင်း သစ္စာရှိခဲ့သူဖြစ်ပြီး သူ့တပ်သားတွေကလည်း အဲဒီဆေးမင်ကြောင်ကို လိုက်ထိုးထားကြတယ်။ ပြည်သူတွေကတော့ ကျင်းနိုင်ငံနဲ့ ပူးပေါင်းနေတဲ့ သစ္စာဖောက်ဟာ ချင်ဟွေသာ ဖြစ်တယ်လို့ စွပ်စွဲကြပါတယ်။ ဒီနောက်ခံကို အခြေခံပြီး စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းဆက်ထားတာပါ။ ချင်ဟွေက နယ်စပ်တပ်စခန်းတစ်ခုမှာ ကျင်းသံတမန်တွေနဲ့ တွေ့ဖို့ ရောက်လာချိန်မှာပဲ ကျင်းသံအမတ်တစ်ယောက် လုပ်ကြံခံလိုက်ရတယ်။ သံအမတ်သေဆုံးသွားသလို သူယူလာတဲ့ စာလွှာလည်း ပျောက်သွားပါတယ်။ ဒီအမှုထဲမှာ တူဝရီးတော်စပ်ကြတဲ့ သာမန်စစ်သည် ကျန်းတနဲ့ တပ်မှူးချုပ် စွင်းကျွင်းတို့ပါ တရားခံအဖြစ် ဆွဲသွင်းခံလိုက်ရတယ်။ လျှို့ဝှက်ချက်တွေပါတဲ့ စာတစ်စောင်ကြောင့် လူတွေ တစ်ယောက်ပြီးတစ်ယောက် သေဒဏ်ပေးခံနေရတဲ့ကြားက သူတို့နှစ်ယောက်ဟာ အမှန်တရားကို ရှာပြီး အားလုံးအတွက် လက်စားချေဖို့ ကြိုးစားလာကြပါတယ်။ ကျန်းတက လောင်းကစားလုပ်၊ ပျော်ပါးရင်း သာမန်ပြည်သူအဖြစ် နေခဲ့ရာက စစ်တပ်ထဲ ဝင်လာသူပါ။ ကိုယ့်ကိုယ်ကိုယ် အရေးမပါတဲ့လူလို့ ယူဆပြီး သေရမှာကို ကြောက်ပေမယ့် ယုံကြည်ထားတဲ့အရာကိုတော့ မစွန့်လွှတ်တတ်ဘူး။ စွင်းကျွင်းကတော့ နောက်ခံအင်အားမရှိဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်လာသူဖြစ်ပြီး စိတ်မြန်လက်မြန်နဲ့ ဓားထုတ်ဖို့ ဝန်မလေးတတ်သူပါ။ အရေးကြုံလာရင်လည်း အဆုံးအထိ တောင့်ခံတတ်တယ်။ သူတို့ အသက်နဲ့ရင်းပြီး ကာကွယ်နေတဲ့ စာလွှာထဲမှာ ဘာတွေပါနေလဲ၊ ဒီအမှုက ကွယ်လွန်သွားတဲ့ ယွဲ့ဖေးနဲ့ ဘယ်လိုပတ်သက်နေလဲဆိုတာတွေက မေးခွန်းဖြစ်နေပါတယ်။ တူဝရီးနှစ်ယောက် အမှုထဲပါလာတာကလည်း မတော်တဆပဲလား၊ နဂိုကတည်းက ပတ်သက်မှုတစ်ခုခု ရှိနေတာလားဆိုတာ မသိရသေးဘူး။ Hero နဲ့ House of the Flying Daggers တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ကျန်းရိမိုရဲ့ ရုပ်ရှင်ဖြစ်ပြီး ကျန်းတအဖြစ် ရှန်ထန်၊ စွင်းကျွင်းအဖြစ် ရိယန်ချန်းရှီတို့ ပါဝင်ထားပါတယ်။ ကျန်းယိ၊ လေကျားယင်း၊ ယွဲ့ယွင်ဖုန်နဲ့ ဝမ်ကျားယီတို့လည်း သရုပ်ဆောင်ထားကြပါတယ်။
ဇာတ်လမ်းအကြောင်း