ဇာတ်ကားများ ရွေးရန်

Traffickers

2012ဇာတ်ကားအမှတ် 6.5/10111 မိနစ်

ကိုယ်တွင်းအင်္ဂါတွေ မှောင်ခိုရောင်းဝယ်နေတဲ့ အဖွဲ့တစ်ဖွဲ့ဟာ သူတို့အလုပ်ကိစ္စအတွက် သင်္ဘောနဲ့ တရုတ်ပြည်ကို ကူးဖို့ ထွက်လာကြပါတယ်။ အဲဒီခရီးမှာ တရုတ်ပြည်ကို အပန်းဖြေသွားမယ့် စုံတွဲတစ်တွဲလည်း ပါလာတယ်။ နောက်ထပ် သားအဖနှစ်ယောက်ကတော့ ဖခင်ဖြစ်သူ အစားထိုးခွဲစိတ်မှု ခံယူဖို့အတွက် တရုတ်ပြည်ကို သွားကြမှာပါ။ ရည်ရွယ်ချက်မတူတဲ့ ဒီလူတွေ သင်္ဘောတစ်စီးပေါ် ရောက်လာကြတဲ့အခါ မှောင်ခိုအဖွဲ့က ဘယ်သူ့ဆီကနေ ဘယ်အင်္ဂါအစိတ်အပိုင်းတွေကို ဘယ်လိုထုတ်ယူကြမလဲဆိုတာ စိုးရိမ်စရာ ဖြစ်လာပါတယ်။ အပန်းဖြေခရီးထွက်လာတဲ့ စုံတွဲနဲ့ ဆေးကုဖို့လာတဲ့ သားအဖတို့ကရော ဒီကိစ္စထဲ ဘယ်လိုပတ်သက်လာကြမလဲဆိုတာကို အခြေခံထားတဲ့ ၂၀၁၂ ခုနှစ်ထွက် ကိုရီးယားမှုခင်းသည်းထိတ်ရင်ဖို ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း