Ghosted
ကိုးလ်ဟာ မိသားစုနဲ့အတူ ခြံစိုက်ရင်း နေထိုင်နေတဲ့ လူရိုးတစ်ယောက်ပါ။ တစ်နေ့မှာ ကမ္ဘာလှည့်ပြီး အနုပညာပစ္စည်းတွေ စုဆောင်းရှာဖွေတယ်ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ချိန်းတွေ့မိပြီး ချစ်သွားတယ်။ ဒါပေမယ့် တစ်ရက်ပဲ တွေ့ရသေးတဲ့ အဲဒီမိန်းကလေးက သူ့ကို အဆက်အသွယ်ဖြတ်ပြီး လန်ဒန်ကို ထွက်သွားတဲ့အတွက် ကိုးလ်လည်း နောက်က လိုက်သွားပါတယ်။ လန်ဒန်ရောက်တော့ လူဆိုးဂိုဏ်းတစ်ခုက သူ့ကို နာမည်ကြီးစပိုင်တစ်ယောက်နဲ့ မှားပြီး ဖမ်းလိုက်ကြတယ်။ သူ့ကို လာကယ်တဲ့သူကတော့ သူလိုက်ရှာနေတဲ့ မိန်းကလေးပဲ ဖြစ်နေပါတယ်။ တကယ်တမ်း စပိုင်အစစ်က သူမဖြစ်နေမှန်း သိလိုက်ရတဲ့နောက် ကိုးလ်ဟာ သူမနဲ့အတူ အလွဲလွဲအချော်ချော် စွန့်စားခန်းတွေထဲ ပါသွားရတော့တယ်။ ခရစ်အီဗန်နဲ့ အန်နာဒအာမက်စ်တို့ အဓိကပါဝင်ထားတဲ့ ဟာသအက်ရှင်ဇာတ်ကားဖြစ်ပြီး နာမည်ကြီး ဧည့်သည်သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း