ဇာတ်ကားများ ရွေးရန်

One More Time

2023ဇာတ်ကားအမှတ် 5.9/1085 မိနစ်

Amelia ဟာ အသက်လေးဆယ်ပြည့်မွေးနေ့မှာ ငယ်ငယ်က သူငယ်ချင်းနဲ့အတူ မြှုပ်ထားခဲ့တဲ့ ဆုတောင်းစာဘူးလေးကို ပြန်ဖွင့်ဖို့ သွားပါတယ်။ အဲဒီဘူးက စာရွက်တွေပေါ်မှာ ဆုတောင်းတွေ ရေးပြီး နောင်တစ်ချိန် ပြန်ဖတ်ဖို့ မြေမြှုပ်ထားခဲ့တဲ့ Time capsule လေးပါ။ ဘူးကိုဖွင့်ပြီး စာတွေဖတ်နေတုန်း စာရွက်တစ်ရွက် လွင့်သွားလို့ လိုက်ကောက်ရာက ကားတစ်စီးနဲ့ တိုက်မိသွားတယ်။ မျက်လုံးပြန်ပွင့်လာတဲ့အခါမှာတော့ Amelia ဟာ သူ့ရဲ့အသက်ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ကို ပြန်ရောက်နေပါတယ်။ အသက်လေးဆယ်ပြည့်တဲ့နေ့ကနေ ဆယ့်ရှစ်နှစ်အရွယ်ကို ရုတ်တရက် ပြန်ရောက်သွားတဲ့သူအတွက် မူလအသက်အရွယ်ဆီ ဘယ်လိုပြန်သွားရမလဲဆိုတာ အဖြေရှာရတော့မှာပါ။

ဇာတ်လမ်းအကြောင်း