Hitmen
ဂျွန်နီနဲ့ ဖရန်ကီက သူငယ်ချင်းတွေဖြစ်သလို လုပ်ကြံရေးအလုပ်ကိုလည်း တွဲလုပ်ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ။ လူသတ်တဲ့နေရာမှာ ကျွမ်းကျင်ကြပေမယ့် တလွဲတချော်လုပ်တတ်တာတွေလည်း ရှိတယ်။ ဘယ်လိုအခက်အခဲတွေကြုံကြုံ ပေးထားတဲ့တာဝန်ကိုတော့ ပြီးအောင်လုပ်ကြသူတွေပါ။ ဂျွန်နီက ဒီဘဝကို စိတ်ကုန်လာပြီး အနားယူဖို့ စိတ်ကူးနေပါတယ်။ လုပ်ကြံရေးအလုပ်ကို စွန့်ပြီး ငါးခူမွေးမြူရေးပဲ လုပ်ချင်တော့တာပါ။ ဖရန်ကီကလည်း ဂျွန်နီနားရင် သူပါလိုက်နားမယ်လို့ ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် အနားမယူခင် နောက်ဆုံးလုပ်ပေးရမယ့် မစ်ရှင်သုံးခု သူတို့ဆီ ရောက်လာပါတယ်။ ၂၀၂၃ ခုနှစ်ထွက် အင်ဒိုနီးရှား အက်ရှင်၊ ဒရာမာ၊ ဟာသဇာတ်ကားဖြစ်ပြီး ဟာသတွေက ဒီနှစ်ယောက်ရဲ့ တလွဲလုပ်ပုံတွေကနေ ပေါ်လာတာပါ။ သူတို့အလွဲတွေကြားမှာ ရယ်စရာတွေရှိပေမယ့် လုပ်ကြံသတ်ဖြတ်တဲ့အခန်းတွေကတော့ ရက်စက်ကြမ်းတမ်းပါတယ်။
ဇာတ်လမ်းအကြောင်း