ဇာတ်ကားများ ရွေးရန်

U-Turn

2023ဇာတ်ကားအမှတ် 4.9/10101 မိနစ်

ရာဒီကာက ခေတ်ဆန်ပြီး ပျော်ပျော်နေတတ်တဲ့ အလုပ်သင်ဂျာနယ်လစ်တစ်ယောက်ပါ။ သူရေးဖို့ ကြိုးစားနေတဲ့ဆောင်းပါးက မိုးပျံလမ်းပေါ်မှာ ဘလောက်တုံးတွေကို ဖယ်ပြီး စည်းကမ်းမဲ့ ဂငယ်ကွေ့ကွေ့သူတွေကြောင့် မတော်တဆမှုတွေ ဖြစ်ခဲ့တဲ့အကြောင်းပါ။ အဲဒီအတွက် ဒီလိုကွေ့ခဲ့သူတွေကို စုံစမ်းပြီး အင်တာဗျူးဖို့ လိုက်ရှာနေပါတယ်။ ဒါပေမယ့် သူအင်တာဗျူးဖို့ စာအုပ်ထဲမှာ ရေးမှတ်ထားသူတိုင်း အကြောင်းရင်းရှာမရဘဲ သေဆုံးကုန်ကြတယ်။ အင်တာဗျူးစာရင်းတစ်ခုကနေ သေဆုံးသူတွေရဲ့စာရင်းလို ဖြစ်လာတဲ့အခါ ရဲတွေကလည်း သံသယဝင်ပြီး စုံစမ်းလာကြပါတယ်။ ရာဒီကာ စာရင်းသွင်းထားသူတွေ ဘာကြောင့် သေဆုံးနေရတာလဲ။ ကံကြမ္မာရဲ့ တိုက်ဆိုင်မှုလား၊ တစ်ယောက်ယောက်က နောက်ကွယ်ကနေ ကြိုးကိုင်နေတာလားဆိုတဲ့ မေးခွန်းတွေကြားမှာ လျှို့ဝှက်ချက်တွေကို ဆက်ရှာရတော့မှာပါ။ Aashim Gulati နဲ့ Alaya F တို့ ပါဝင်ထားတဲ့ သဘာဝလွန်သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပြီး ဒီသေဆုံးမှုတွေရဲ့အဖြေကို ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ ဖော်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း