ဇာတ်ကားများ ရွေးရန်

Hereditary

2018ဇာတ်ကားအမှတ် 7.3/10128 မိနစ်

ရိုးရိုးသရဲကားတွေလို ရုတ်တရက် လန့်ဖြန့်သွားအောင် ခြောက်တဲ့ကားမျိုး (Jump Scare) တွေထက် ကြည့်နေရင်းနဲ့ စိတ်ကို တဖြည်းဖြည်းချင်း ခြောက်ခြားလာစေတဲ့ Psychological Horror ကားကောင်းတစ်ကားပါ။ အကောင်းဆုံး Horror ကားတွေထဲက တစ်ကားပါပဲ။ ဒါရိုက်တာ Ari Aster ရိုက်ကူးထားပြီး အန်နီ နေရာက သရုပ်ဆောင်တဲ့ မင်းသမီး Toni Collette ရဲ့ သရုပ်ဆောင်ချက်တွေကတော့ တကယ့်ကို အမိုက်စားပါပဲ။ ဇာတ်လမ်းအကျဉ်း Graham မိသားစုရဲ့ အဖွားဖြစ်သူ အယ်လန် ဆုံးပါးသွားပြီးတဲ့နောက်မှာ သူ့သမီးဖြစ်သူ အန်နီတို့ မိသားစုဆီကို ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ ကိစ္စတွေ တစ်ခုပြီးတစ်ခု ရောက်လာပါတော့တယ်။ အဖွားဖြစ်သူရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို တဖြည်းဖြည်း သိလာရလေ၊ သူတို့ မိသားစု မျိုးရိုးစဉ်ဆက် ပါလာတဲ့ ကျိန်စာကြီးကနေ ရုန်းထွက်ဖို့ ကြိုးစားရလေပါပဲ။ ဒီကားက ဇာတ်လမ်းသွား နှေးပေမယ့် ကြည့်နေရင်း ကိုယ့်စိတ်ထဲမှာ လေးလံလာပြီး အသက်ရှူကျပ်လာစေမယ့် ကားမျိုးပါ။ ရုပ်ရှင်တစ်ကားလုံးရဲ့ အငွေ့အသက်က မှိုင်းမှိုင်းပျပျနဲ့ အတော်လေးကို ကျောချမ်းစရာ ကောင်းတယ်။ အထူးသဖြင့် ကားထဲက ဇာတ်ဝင်ခန်းတချို့ဆိုရင် ခေါင်းထဲကနေ မထွက်တော့လောက်အောင်ကို အတော်လေး ထိတ်လန့်စရာကောင်းပါတယ်။ အကယ်လို့ သွေးထွက်သံယိုတွေချည်းပဲ ပြနေတဲ့ ကားတွေထက် ဆိုက်ကို အရပါ ခြောက်ခြားသွားစေမယ့် Horror ကားမျိုးကို ကြိုက်တယ်ဆိုရင်တော့ Hereditary က လုံးဝ လက်မလွတ်သင့်တဲ့ ကားပါပဲ File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း