Wedding Crashers
ကွာရှင်းမှုတွေမှာ ကြားဝင်ညှိနှိုင်းပေးတဲ့အလုပ် လုပ်ကြတဲ့ ဂျွန်နဲ့ ဂျရဲမီဟာ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းနှစ်ယောက်ပါ။ သူတို့နှစ်ယောက်ရဲ့ ဝါသနာကတော့ အဖိတ်မခံရတဲ့ မင်္ဂလာပွဲတွေကို လိုက်တက်ဖို့ပါပဲ။ ပွဲရှင်တွေအကြောင်း ကြိုစုံစမ်းပြီး သတို့သားရဲ့အသိလိုလို၊ သတို့သမီးဘက်က အမျိုးလိုလို ဇာတ်ကြောင်းတွေ ဖန်တီးကာ ဝင်ရောကြတယ်။ ပွဲမှာ အလကားစားသောက်ရင်း မျက်စိကျတဲ့ မိန်းကလေးတွေနဲ့ တစ်ညတာ ပျော်ပါးကြတာက သူတို့အတွက် အလေ့အထတစ်ခု ဖြစ်နေပါပြီ။ တစ်နေ့ ဘဏ္ဍာရေးဝန်ကြီးက သူ့သမီးရဲ့ မင်္ဂလာပွဲကို ကြေညာလိုက်တဲ့အခါ သူတို့နှစ်ယောက်လည်း အဆင့်မြင့်အသိုင်းအဝိုင်းက မိန်းကလေးတွေနဲ့ တွေ့ရတော့မယ်ဆိုပြီး ပွဲတက်လာကြတယ်။ ဒါပေမဲ့ ပွဲမှာ သတို့သမီးအရံအဖြစ် ပါလာတဲ့ ဝန်ကြီးသမီး ကလဲရာကို တွေ့ပြီး ဂျွန်တစ်ယောက် တကယ်ချစ်မိသွားပါတယ်။ ကိုယ့်အကြောင်းကို အစကတည်းက လိမ်ပြောထားတဲ့သူအတွက် ဒီတစ်ခါတော့ ခါတိုင်းလို ပျော်ပြီးပြန်ဖို့ မလွယ်တော့ဘူး။ ဂျရဲမီကလည်း ကလဲရာရဲ့ညီမ ဂလော်ရီရာနဲ့ တွေ့ဆုံသွားပြီး သူငယ်ချင်းနှစ်ယောက်ဟာ အဲဒီမိသားစုရဲ့ အပန်းဖြေအိမ်အထိ ပါသွားကြတယ်။ ဂျွန်နဲ့ ကလဲရာကြားက အချစ်ရေးဟာ သူဖန်တီးထားတဲ့ အလိမ်အညာတွေကြား ဘယ်လိုဆက်ဖြစ်မလဲ၊ ဂျရဲမီနဲ့ ဂလော်ရီရာတို့ကရော ဘာတွေကြုံကြမလဲဆိုတာကို အချစ်နဲ့ ဟာသ ရောယှက်တင်ပြထားပါတယ်။ ဂျွန်အဖြစ် Owen Wilson၊ ဂျရဲမီအဖြစ် Vince Vaughn တို့ သရုပ်ဆောင်ထားပြီး Christopher Walken နဲ့ Rachel McAdams တို့လည်း ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း