Consecration
မျက်စိဆရာဝန် ဂရေ့စ်ဟာ ဘာသာရေးကို အယုံအကြည်မရှိသူပါ။ တစ်နေ့မှာ ခရစ်ယာန်ဘုန်းကြီးဖြစ်တဲ့ သူမရဲ့မောင်က အခြားဘုန်းကြီးတစ်ပါးကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ အကြောင်းကြားလာပါတယ်။ ဒီသတင်းကြောင့် ဂရေ့စ်ဟာ စကော့တလန်က သီလရှင်ကျောင်းကို သွားပြီး အဖြစ်မှန်ကို စုံစမ်းတော့တယ်။ စုံစမ်းရင်း ကျောင်းရဲ့သမိုင်းကြောင်းနဲ့ အဲဒီမှာ ကျင့်သုံးနေတဲ့ ဘာသာရေးအယူအဆတွေကို သိလာရပါတယ်။ သီလရှင်တွေရဲ့ ထူးဆန်းတဲ့အပြုအမူတွေကြောင့် ကျောင်းကို မယုံကြည်တော့သလို သူမကိုယ်တိုင်လည်း ထူးဆန်းတဲ့အမြင်တွေ မြင်လာရတယ်။ မောင်ဖြစ်သူ ချန်ထားခဲ့တဲ့ စာအုပ်ကို ဖတ်ကြည့်ရာက သူဘာကြောင့် သေဆုံးခဲ့ရတာလဲဆိုတဲ့ မေးခွန်းအပြင် ဂရေ့စ်ရဲ့အတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲ၊ သူမမှာရှိတဲ့ အစွမ်းသတ္တိကရော ဘာလဲဆိုတာတွေကိုပါ ဆက်လက်ဖော်ထုတ်ရတဲ့ ဘာသာရေးနောက်ခံ ထိတ်လန့်သည်းဖိုဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း