ဇာတ်ကားများ ရွေးရန်

Right Now, Wrong Then

2015ဇာတ်ကားအမှတ် 6.9/10121 မိနစ်

လူလတ်ပိုင်းအရွယ် နာမည်ကြီးဒါရိုက်တာတစ်ယောက်ဟာ သူ့ဇာတ်ကားပြသပွဲအတွက် မြို့လေးတစ်မြို့ကို ရောက်လာပါတယ်။ လာရမယ့်ရက်ထက် တစ်ရက်စောရောက်နေတော့ ပိုနေတဲ့အချိန်မှာ ဟိုဟိုဒီဒီ လျှောက်သွားရင်း ပန်းချီဆရာမလေးတစ်ယောက်နဲ့ ဆုံဖြစ်သွားတယ်။ အဲဒီကနေ သူတို့နှစ်ယောက် စကားပြောကြ၊ သောက်ကြစားကြရင်း အတူရှိနေတဲ့အချိန်တွေကို ဇာတ်လမ်းက လိုက်ပြထားပါတယ်။ စကားပြောဖို့ အကြောင်းရှာမရဘဲ အမ်းနေတဲ့အခိုက်အတန့်တွေလည်း ပါတယ်။ ဒီတွေ့ဆုံမှုကို အစကနေအဆုံး တစ်ဆက်တည်းပြထားတာတော့ မဟုတ်ပါဘူး။ လူနှစ်ယောက်လည်း ဒီလူတွေ၊ ပတ်ဝန်းကျင်နဲ့ တွေ့ဆုံမှုလည်း အတူတူပဲဖြစ်ပေမယ့် ရွေးချယ်မှုသေးသေးလေးတွေ ကွာသွားတဲ့ ဇာတ်ကြောင်းနှစ်ခုအဖြစ် ခွဲပြထားတာပါ။ တွေ့ဆုံချိန်ကနေ ခွဲခွာချိန်အထိ သူတို့အတူရှိခဲ့တဲ့အချိန်တွေဟာ အဲဒီကွာခြားချက်လေးတွေကြောင့် အေးစက်သွားလိုက်၊ ရှုပ်ထွေးသွားလိုက်၊ နွေးထွေးကြည်နူးစရာ ဖြစ်သွားလိုက်နဲ့ ပြောင်းလဲသွားပါတယ်။ နောက်တစ်ပိုင်းမှာတော့ ရှေ့ပိုင်းထက် ပိုနွေးထွေးတဲ့ တွေ့ဆုံမှုကို မြင်ရမှာပါ။ Hong Sang-Soo ရိုက်ကူးထားတဲ့ ဒီဒရာမာမှာ စကားပြောပုံတွေအပြင် ကင်မရာအယူအဆ၊ အလင်းအမှောင်နဲ့ ရိုက်ကူးတဲ့ရှုထောင့်တွေကိုပါ ပြောင်းလဲအသုံးပြုထားပါတယ်။ Golden Leopard နဲ့ Critics Award အပါအဝင် နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ ဆု ၁၆ ဆု ရရှိထားပါတယ်။

ဇာတ်လမ်းအကြောင်း