Coco
မစ်ဂဲလ်က ဂီတကို ဝါသနာပါတဲ့ ဆယ့်နှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်ပါ။ ဒါပေမယ့် သူ့အိမ်မှာ ဂီတနဲ့ ပတ်သက်သမျှကို တားမြစ်ထားတယ်။ အရင်မျိုးဆက်တုန်းက မိသားစုထက် ဂီတကို ရွေးပြီး ထွက်သွားခဲ့သူကြောင့် ကျန်ခဲ့သူတွေ စိတ်နာခဲ့ရာက ဒီတားမြစ်ချက်က မျိုးဆက်အဆက်ဆက် ပါလာတာပါ။ မစ်ဂဲလ်ကတော့ နာမည်ကျော် ဂီတပညာရှင် အာနက်စ်တို ဒီလာခရုဇ်ကို အားကျပြီး သူ့လိုဖြစ်ချင်နေတုန်းပဲ။ တစ်ရက်မှာ အဘွားက သူ့ဂီတာကို ဖျက်ဆီးပြီး တားလိုက်တော့ မစ်ဂဲလ်က အာနက်စ်တိုရဲ့ဂီတာကို သွားယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီဂီတာကို တီးမိပြီးနောက်မှာတော့ အသက်ရှင်သူတွေရှိတဲ့ ကမ္ဘာကနေ သေဆုံးသူတွေရှိတဲ့ ကမ္ဘာထဲ ရောက်သွားတယ်။ ပြန်ထွက်ဖို့ ကြိုးစားရင်း ကွယ်လွန်သွားတဲ့ မိသားစုဝင်တွေနဲ့ ဆုံရသလို သူ့မိသားစုနဲ့ ဂီတကြားက အကြောင်းကိုလည်း သိလာရပါတယ်။ ဂီတနောက်လိုက်ချင်တဲ့ ကလေးတစ်ယောက်ရဲ့ စွန့်စားခန်းကို မိသားစုရဲ့အတိတ်နဲ့ ဆက်ထားတဲ့ ဇာတ်လမ်းလေးပါ။
ဇာတ်လမ်းအကြောင်း