Van Helsing
ဗန်ဟဲလ်ဆင်းဟာ လူတွေကို လိုက်လံဖမ်းဆီးသတ်ဖြတ်နေတဲ့ မကောင်းဆိုးဝါးတွေကို နှိမ်နင်းသူတစ်ယောက်ပါ။ တစ်နေ့ တာဝန်ပြီးလို့ စခန်းပြန်ရောက်လာချိန်မှာ အထက်လူကြီးတွေက သူ့ကို နောက်ထပ်တာဝန်တစ်ခု ပေးလိုက်ပါတယ်။ ဒီတစ်ခါ သွားရမယ့်နေရာကတော့ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်လာတဲ့ Count Dracula ရှိရာ Transylvania ပါပဲ။ ဒီလိုရန်သူမျိုးကို ရင်ဆိုင်ဖို့ ကြက်သွန်ဖြူလောက်နဲ့ မလုံလောက်တော့ ဗန်ဟဲလ်ဆင်း ဘာတွေပြင်ဆင်ယူသွားမလဲ။ Dracula ကို အနိုင်ရဖို့ ဘယ်သူတွေက ဘယ်လိုကူညီပေးကြမလဲဆိုတာနဲ့အတူ Dracula ရဲ့ အကြံအစည်တွေ၊ သူ့နယ်မြေထဲမှာ ဗန်ဟဲလ်ဆင်း လုပ်ဆောင်ရမယ့်တာဝန်တွေကို တဖြည်းဖြည်း သိလာရမှာပါ။ Dracula မှာ ဇနီးတွေ ရှိနိုင်သလား၊ ကလေးမွေးနိုင်သလား၊ မွေးလာခဲ့ရင်ရော ဘယ်လိုပုံစံမျိုး ဖြစ်နေမလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။ အဖြူအမည်းပုံရိပ်တွေနဲ့ စဖွင့်ထားတဲ့ ဇာတ်ကားမှာ အက်ရှင်ခန်းတွေ၊ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ရှုပ်ထွေးတဲ့အခြေအနေတွေကြား ဗန်ဟဲလ်ဆင်း ဖြတ်သန်းရပုံကို ပြထားပါတယ်။ Hugh Jackman က ဗန်ဟဲလ်ဆင်းအဖြစ် ပါဝင်ထားပြီး The Mummy နဲ့ G.I. Joe တို့ကို ရိုက်ကူးခဲ့တဲ့ Stephen Sommers က ဒါရိုက်တာအဖြစ် ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားနဲ့အတူ Sony PS2 ဂိမ်းလည်း ထွက်ရှိခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း