The Grudge 2
၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် Ju-On ရဲ့ အဆက်မှာတော့ ပထမကားထဲက ကယ်ရန်ရဲ့ညီမ အော်ဘရီကို အခြေခံပြီး ဇာတ်လမ်းဆက်ထားပါတယ်။ အမေက ဖုန်းဆက်ပြီး ဆေးရုံတင်ထားရတဲ့ ကယ်ရန်ကို ပြန်သွားခေါ်ဖို့ ပြောလာတာကြောင့် အော်ဘရီဟာ မသွားချင်ပေမယ့် ဂျပန်ကို ရောက်လာပါတယ်။ အစ်မနဲ့ တွေ့တဲ့အခါမှာတော့ ကယ်ရန်က သူ့ကို လွတ်မြောက်အောင်လုပ်ပေးဖို့ အတင်းတောင်းဆိုနေပါတယ်။ တစ်ဖက်မှာလည်း ဂျပန်မှာ ကျောင်းလာတက်တဲ့ ဆယ်ကျော်သက်မလေး အဲလစ်ဆန်ဟာ အများနဲ့ မဝင်ဆံ့ဘဲ သူငယ်ချင်းရှားနေသူပါ။ အတန်းဖော်မိန်းကလေးနှစ်ယောက်နဲ့ ရင်းနှီးချင်လို့ ဝင်ရောရာက သူတို့ရဲ့ နောက်ပြောင်မှုကြောင့် သရဲခြောက်တဲ့အိမ်ကြီးထဲ ရောက်သွားပါတယ်။ ဂျိတ်ကတော့ မိထွေး အိမ်ပေါ်ရောက်လာတာကို မကျေမနပ်ဖြစ်နေပါတယ်။ ဘေးအခန်းက ထူးဆန်းတဲ့အသံတွေ ကြားရတဲ့အချိန်မှာ သူတို့မိသားစုလည်း ကျိန်စာတစ်ခုနဲ့ ပတ်သက်မိသွားတယ်။ သီးခြားစီလို ထင်ရတဲ့ အော်ဘရီ၊ အဲလစ်ဆန်နဲ့ ဂျိတ်တို့ရဲ့ အဖြစ်အပျက်တွေကြား ဘယ်လိုထူးဆန်းတဲ့ဆက်နွယ်မှု ရှိနေသလဲဆိုတာကို ဇာတ်လမ်းက ဆက်ဖော်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း