Mafia Mamma
ခရစ္စတင်ဟာ မိခင်တစ်ယောက်အဖြစ်ရော အိမ်ရဲ့အဓိကထောက်တိုင်အဖြစ်ပါ တာဝန်တွေပိနေတဲ့ သာမန်အမေရိကန်အိမ်ထောင်ရှင်မတစ်ယောက်ပါ။ သားက ကောလိပ်တက်နေပြီ၊ ခင်ပွန်းက ဖောက်ပြန်နေပြီး အလုပ်မှာလည်း လိင်ခွဲခြားဆက်ဆံတဲ့ အထက်လူကြီးနဲ့ ကြုံနေရတယ်။ ဒီလိုမွန်းကျပ်နေချိန်မှာ သူမသိကျွမ်းတဲ့ အီတလီက အဖိုး ဆုံးသွားတဲ့သတင်း ရောက်လာပါတယ်။ ခရစ္စတင်က နေ့စဉ်ဘဝကနေ ခဏလွတ်ထွက်ပြီး အပန်းဖြေခွင့်လည်း ရမယ်ဆိုတဲ့စိတ်နဲ့ အသုဘသွားတက်ဖို့ အီတလီကို ထွက်လာခဲ့တယ်။ ဒါပေမယ့် အဖိုးရဲ့သေတမ်းစာအရ သူအမွေရလိုက်တာက ဟန်ပြဝိုင်လုပ်ငန်းတစ်ခုတည်း မဟုတ်ပါဘူး။ အဲဒီလုပ်ငန်းနောက်ကွယ်က မာဖီးယားဂိုဏ်းကြီးကိုပါ ဆက်ခံရတော့တာပါ။ ပိုးကောင်တောင် မသတ်ရဲတဲ့ ခရစ္စတင်တစ်ယောက် လူသတ်မှုနဲ့ မှောင်ခိုလုပ်ငန်းတွေကို ဦးစီးရတဲ့အခါ ဘယ်လိုအလွဲတွေ ကြုံရမလဲ။ သူ့ကို လုပ်ကြံဖို့ ကြိုးစားသူတွေကို ဘယ်လိုရင်ဆိုင်ပြီး တခြားမာဖီးယားမိသားစုတွေရဲ့ လေးစားမှုကို ဘယ်လိုရယူမလဲဆိုတာကို အက်ရှင်နဲ့ ဟာသရောပြီး ပြထားပါတယ်။ စားဝတ်နေရေးနဲ့ နေ့စဉ်တာဝန်တွေကြားမှာပဲ ဘဝက ပြည့်စုံနေနိုင်သလား၊ ချစ်လို့ အားနာလို့ဆိုပြီး ကိုယ့်ဆန္ဒထက် သူများဆန္ဒကို ဦးစားပေးနေခြင်းက မှန်ကန်တဲ့ရွေးချယ်မှုလားဆိုတဲ့ အတွေးတွေလည်း ပါပါတယ်။ ကြော်ငြာတွေက လူတွေရဲ့ စိတ်မလုံခြုံမှုကို အမြတ်ထုတ်ပုံနဲ့ အီတလီရဲ့ ပတ်ဝန်းကျင်အလှတွေကိုလည်း တွေ့ရပြီး Monica Bellucci ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကြမ်းတမ်းတဲ့စကားအသုံးအနှုန်းတွေနဲ့ သွေးထွက်သံယိုခန်းတွေ ပါဝင်ပါတယ်။
ဇာတ်လမ်းအကြောင်း