ဇာတ်ကားများ ရွေးရန်

Aseq

2023ဇာတ်ကားအမှတ် 7.0/10106 မိနစ်

ရွန်နီက အလုပ်လက်မဲ့ဖြစ်နေတာ ခြောက်လရှိပြီး နေ့စဉ်အသုံးစရိတ်ကအစ ရည်းစားက ရှင်းပေးနေရတဲ့ ကောင်လေးပါ။ နောက်ဆုံးမှာတော့ ရည်းစားကလည်း ဆက်သည်းမခံနိုင်တော့ဘဲ အရင်ချစ်သူဆီ ပြန်သွားခဲ့တယ်။ ရွန်နီမှာ တစ်နေ့တာစားဝတ်နေရေးအတွက် သူများဆီ အကူအညီတောင်း၊ ငွေလိုက်ချေးနေရတဲ့အပြင် အချစ်ရေးကြောင့်လည်း စိတ်ထိခိုက်နေရပါတယ်။ ရည်းစားဟောင်းကို မေ့ပြီး ဘဝသစ်စနိုင်ဖို့ သူငယ်ချင်းတွေက အချစ်သစ်ရှာဖို့ တိုက်တွန်းကြတယ်။ ဒီလိုနဲ့ သူ့လိုပဲ အခြေအနေမျိုးကြုံထားရတဲ့ ပရီယန်ကာဆိုတဲ့ မိန်းကလေးနဲ့ ဆုံဖြစ်သွားပါတယ်။ အရာရာ အဆင်ပြေလာတော့မယ်လို့ ထင်ရချိန်မှာပဲ ရွန်နီရဲ့အနီးအနားမှာ မူမမှန်တဲ့အဖြစ်တွေ ပေါ်လာပြီး သူတင်မကဘဲ ဘေးကလူတွေပါ သတိထားမိလာကြတယ်။ ဘာတွေဖြစ်နေတာလဲ၊ ဘာကြောင့်ဖြစ်နေတာလဲဆိုတာတော့ သူတို့ မသိကြသေးပါဘူး။ Vardhan Puri၊ Sonnalli Seygall နဲ့ Elena Fernandes တို့ အဓိကပါဝင်ပြီး Siddharth Kapoor လည်း သရုပ်ဆောင်ထားပါတယ်။ အမှောင်ထဲကနေ အသံကျယ်ကျယ်နဲ့ ရုတ်တရက်ခြောက်လှန့်တဲ့ပုံစံထက် ရုပ်ပုံတင်ဆက်မှုနဲ့ သည်းထိတ်ရင်ဖိုအဖြစ်တွေကို တွဲထားတဲ့ ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း