ဇာတ်ကားများ ရွေးရန်

30 Minutes or Less

2011ဇာတ်ကားအမှတ် 5.7/1083 မိနစ်

မူလတန်းကျောင်းဆရာ ချက်နဲ့ ပီဇာပို့သမားနစ်ခ်တို့ဟာ ငယ်ပေါင်းကြီးဖော်တွေပါ။ တစ်ဖက်မှာလည်း ဒွီဝိန်းနဲ့ သူ့သူငယ်ချင်း ထရားဗစ်တို့ ရှိနေကြတယ်။ အလုပ်အကိုင်မရှိတဲ့ ဒီနှစ်ယောက်က ဒွီဝိန်းရဲ့အဖေ၊ ထီပေါက်ထားတဲ့ အငြိမ်းစားဗိုလ်မှူးအိမ်မှာ မှီခိုနေကြပြီး ဆူပူကြိမ်းမောင်းခံနေရပါတယ်။ အဖေသေရင် အမွေရပြီး သူဌေးဖြစ်ပြီလို့ တွေးတဲ့ ဒွီဝိန်းက ဖခင်ကို လုပ်ကြံဖို့ အကြံထုတ်တယ်။ သူတို့ရဲ့အကြံထဲမှာ မဆိုင်ဘဲနဲ့ ပီဇာပို့သမားနစ်ခ်က သားကောင်ဖြစ်သွားတော့ ချက်နဲ့နစ်ခ်တို့ပါ ပြဿနာထဲ ဝင်ပါရပါတော့တယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အကွက်ဆင်ကြရင်း အလွဲတွေဖြစ်လာတဲ့ မှုခင်းဟာသကားဖြစ်ပြီး နစ်ခ်အဖြစ် Jesse Eisenberg၊ ချက်အဖြစ် Aziz Ansari တို့ သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းအကြောင်း