Train to Busan
အလုပ်ကိုပဲ ဦးစားပေးနေရတဲ့ ဆော့ဝူက သမီးလေးကို အချိန်မပေးနိုင်တဲ့ အဖေတစ်ယောက်ပါ။ သမီးက မွေးနေ့မှာ ဘူဆန်မှာရှိတဲ့ အမေဆီ သွားချင်တယ်လို့ ပူဆာတော့မှ အလုပ်တွေချန်ပြီး ရထားနဲ့ လိုက်ပို့ဖြစ်တယ်။ အဲဒီနေ့မှာပဲ နိုင်ငံအနှံ့ ဇွန်ဘီပိုး စပျံ့နေပြီး သူတို့ရထားပေါ်ကို ကူးစက်ခံထားရတဲ့ ခရီးသည်တစ်ယောက် ရောက်လာပါတယ်။ ရထားပေါ်မှာ ကူးစက်မှု မြန်မြန်ဆန်ဆန် ဖြစ်လာတဲ့အခါ ခရီးသည်တွေအတွက် ထွက်ပြေးပုန်းရှောင်ဖို့ နေရာတောင် ရှားသွားတယ်။ ဆော့ဝူကလည်း သမီးကို ကာကွယ်ဖို့ တခြားခရီးသည်တွေနဲ့ ပူးပေါင်းကြိုးစားရပါတော့တယ်။ Gong Yoo၊ Ma Dong-seok နဲ့ Choi Woo-shik တို့ ပါဝင်ထားတဲ့ ဒီကားမှာ ဇွန်ဘီတွေကြားက လွတ်ဖို့ ကြိုးစားနေကြတာကို ရင်တထိတ်ထိတ် လိုက်ကြည့်ရမှာပါ။ မွေးနေ့ဆန္ဒလေးတစ်ခု ဖြည့်ပေးဖို့ စခဲ့တဲ့ခရီးက အဖေနဲ့သမီး အသက်ရှင်လျက် ရောက်ဖို့ကြိုးစားရတဲ့ ခရီးဖြစ်သွားတာကို ကြည့်ရင်း သူတို့အတွက်ပါ ပူလာမိနိုင်ပါတယ်။
ဇာတ်လမ်းအကြောင်း