ဇာတ်ကားများ ရွေးရန်

The Upside

2019ဇာတ်ကားအမှတ် 7.1/10126 မိနစ်

The Upside (2017) IMDB : 7.1 Genre : Comedy / Drama ဒီရုပ်ရှင်ကတော်တော်လေးကို ရှားတယ်ပြောရပါမယ်။ ဘာလို့လဲဆိုတော့ မင်းသား Kevin Hart ရုပ်တည်နဲ့ ဟာသသိပ်မလုပ်တဲ့ ရှားပါးရုပ်ရှင်တွေထဲက တစ်ခုမလို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ အဓိကမင်းသားက Kevin Hart တင်မဟုတ်ပဲ အချစ်တော်မင်းသားကြီး Bryan Cranston လည်း ပါဝင်နေတာဖြစ်ပါတယ်။ ဒါတင်မကသေးပဲ မင်းသမီး Nicole Kidman ကပါ ပါဝင်အားဖြည့်ထားတာမလို့ ကြည့်ရတာ တော်တော်လေးကို တန်မယ့်ရုပ်ရှင်မျိုးပါပဲ။ ဒီရုပ်ရှင်ကိုကြည့်မိတော့ ၁၉၄၆ ခုနှစ်ထွက် It's a Wonderful Life ကို သွားသတိရမိတယ်။ It's a Wonderful Life ကတော့ Top Tier ရုပ်ရှင်ဆိုတော့ The Upside အနေနဲ့ ပုခုံးချင်းတော့ သွားတန်းလို့မရပေမဲ့ ပေးချင်တဲ့ ရုပ်ရှင်အနှစ်သာရကတော့ အတူတူပါပဲ။ The Upside ကတော့ ပြင်သစ်ရုပ်ရှင် The Intouchables (2011) ကို ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်ညွှန်း ဒဲလ်ဆိုတာက ကောင်းမှုကလွဲရင် အကုန်လုပ်တဲ့ အိမ်ထောင်ကွဲ ကလေးအဖေတစ်ယောက်ဖြစ်ပါတယ်။ ကလေးအဖေဆိုပေမဲ့ ကလေးကလည်း သူနဲ့လိုက်မနေသလို အိမ်ထောင်ကလည်း ကန်ထုတ်ခံရပြီး ကွဲတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ထောင်ကထွက်ပြီး အလုပ်လုပ်ကြောင်း၊ အလုပ်အမှန်တကယ်ရှာဖွေနေကြောင်း ပြဖို့အတွက် အလုပ်ရတာ မရတာထား အလုပ်လျှောက်ခဲ့တဲ့နေရာမှန်သမျှမှာ လက်မှတ်ထိုးခိုင်းရင်း ခံဝန်အရာရှိကို ပြန်ပြန်ပြနေရပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ သန့်ရှင်းရေးအလုပ်သွားလျှောက်ခဲ့ပါတယ်။ ဒါပေမဲ့ ရောက်သွားတဲ့အချိန်မှာ သန့်ရှင်းရေးအလုပ်မဟုတ်ပဲ လူမှုဝန်ထမ်းလုပ်ရမယ့် အလုပ်ဆိုတာကို သိလိုက်ရပါတယ်။ ဖိလစ်ဆိုတာက မတော်တဆမှုတစ်ခုကြောင့် ပါးစပ်ကလွဲပြီး ကျန်တာလှုပ်လို့မရတော့တဲ့ သူဌေးကြီးတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်သူ့ကို ပြုစုစောင့်ရှောက်ဖို့ အလုပ်ခေါ်တဲ့နေရာမှာ သန့်ရှင်းရေးအလုပ်ထင်လို့ လာလျှောက်တဲ့ ဒဲလ်ကိုတွေ့ရာကနေ သဘောကျသွားပြီး အတွင်းရေးမှူး အီဗွန်တားနေတဲ့ကြားကနေ ခန့်လိုက်ပါတယ်။ ဆိုတော့ တွေးကြည့်ရရင် အရာအားလုံးမှာ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ဒဲလ်နဲ့ ဖိလစ်တို့နှစ်ယောက် ဘယ်လိုမျိုး ရှေ့ဆက်ကြမှာလဲ… ဆိုတာကို ခံစားကြည့်လိုက်ကြပါခင်ဗျာ။ File size…    2.1 GB / 1 GB Quality… BluRay1080p / 720p Format… mp4 Duration…. 2h 5m Genre ..... Comedy / Drama Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း