The To Do List
ဘရန်ဒီ ကလက်ခ်က အထက်တန်းကျောင်းပြီးထားခါစ ကျောင်းသူတစ်ယောက်ပါ။ ကျောင်းစာမှာ ထိပ်ဆုံးက ရှိပေမယ့် လိင်ကိစ္စနဲ့ပတ်သက်ရင်တော့ အတွေ့အကြုံမရှိသေးဘူး။ အထက်တန်းဘွဲ့ရပါတီမှာ ကောလိပ်ကျောင်းသား ရပ်စတီဝါးတားစ်နဲ့ တွေ့ပြီး သဘောကျသွားတဲ့အခါ သူငယ်ချင်းတွေက ဘရန်ဒီအနေနဲ့ ရပ်စတီကိုမီဖို့ အတွေ့အကြုံတွေ အများကြီးလိုသေးတယ်လို့ ပြောကြပါတယ်။ ဘရန်ဒီကလည်း ကျောင်းစာလုပ်သလိုပဲ ကိုယ်သိချင်၊ စမ်းကြည့်ချင်တာတွေကို စာရင်းတစ်ခု ပြုစုလိုက်တယ်။ ကောလိပ်မတက်ခင် အဲဒီစာရင်းထဲကအရာတွေကို လက်တွေ့စမ်းကြည့်ဖို့ ရွေးထားတဲ့သူကတော့ သူ့ကို တိတ်တခိုးသဘောကျနေတဲ့ သူငယ်ချင်း ကမ်မရွန်ပါ။ ဒီလိုနဲ့ ကိုယ့်ကိုသဘောကျနေတဲ့ ကမ်မရွန်နဲ့ ကိုယ်ကသဘောကျနေတဲ့ ရပ်စတီကြားမှာ ဘရန်ဒီတစ်ယောက် ဘယ်လိုဗျာများရဦးမလဲဆိုတာကို ဟာသနှောပြီး ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း