ဇာတ်ကားများ ရွေးရန်

Swiss Army Man

2016ဇာတ်ကားအမှတ် 6.9/1097 မိနစ်4K

ဒီကား ပေါ့ပေါ့ပါးပါး ဟာသကားပါပဲ။ ဖြစ်နိုင်တာ မဖြစ်နိုင်တာ အပထား ဇာတ်လမ်း ဇာတ်ကွက်တွေက အတော်လေး သဘောကျဖို့ ကောင်းပါတယ်။ Cast တွေကလဲ Harry Potter ရဲ့ Daniel Redcliffe၊ Little Miss Sunshine နဲ့ The Batman ရဲ့ Paul Dano၊ Wolf Lake series နဲ့ Final Destination 3 တို့က Mary E. Winstead တို့ကို တွေ့ရမှာပါ။ ဟန့်ခ်သွန်မဆင်က ကျွန်းတစ်ကျွန်းပေါ်မှာ တစ်ယောက်တည်း သောင်တင်နေတာပါ။ ကိုယ့်ဟာကို အဆုံးစီရင်ဖို့ လုပ်နေတုန်း ကမ်းခြေမှာ အလောင်းတစ်လောင်းကို တွေ့လိုက်ပါတယ်။ အဲဒါကတော့ မန်နီပါ။ အလောင်းထဲက ပိတ်မိနေတဲ့ လေတွေကို ဂျက်စကီးလို အသုံးချပြီး ပင်လယ်ပြင်ကို ဖြတ်ပါတော့တယ်။ ကမ်းခြေတစ်ခုမှာ သောင်တင်နေပေမယ့် လူတွေနဲ့တော့ ဝေးနေတုန်းပါ။ လူတွေဆီ ပြန်ရောက်ဖို့ အခက်အခဲတွေ အများကြီး ဖြတ်ကျော်ရပါမယ်။ အခက်အခဲတွေကို အတူရင်ဆိုင်ရင်း သံယောဇဥ်ဖြစ်သွားတဲ့ အချိန်တွေ ရှိလာပါတယ်။ သူတို့ ပြန်ချင်တဲ့ အိမ်ကိုရော ပြန်ရောက်မှာလား။ မင်းသမီးကရော ဘယ်အပိုင်းကနေပါလာမှာလဲဆိုတာ ကြည့်လိုက်ကြပါဦး File size…(5.35 GB)/(2.1 GB)/(1 GB) Quality….WEB-DL 4K HEVC/Blu-Ray 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Comedy, Drama, Fantasy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Boomer

ဇာတ်လမ်းအကြောင်း