ဇာတ်ကားများ ရွေးရန်

Prom Pact

2023ဇာတ်ကားအမှတ် 7.3/1098 မိနစ်

မန်ဒီယန်းက ကိုယ့်ဘဝကို ကိုယ်ဆုံးဖြတ်ချင်တဲ့ အမျိုးသမီးအခွင့်အရေးကို အလေးထားသူ ကောင်မလေးတစ်ယောက်ပါ။ သူ့အိပ်မက်က ဟားဗတ်တက္ကသိုလ်တက်ပြီး သူလေးစားအားကျရသူဆီမှာ ပညာသင်ဖို့ဖြစ်ပေမယ့် ဝင်ခွင့်လျှောက်တဲ့အခါ စောင့်ဆိုင်းစာရင်းထဲ ရောက်သွားပါတယ်။ ဒါကြောင့် ဝင်ခွင့်ရဖို့ အထောက်အကူဖြစ်မယ့် ထောက်ခံစာကို ဟားဗတ်ကျောင်းသားဟောင်း အထက်လွှတ်တော်အမတ်တစ်ယောက်ဆီက တောင်းဖို့ ကြံစည်တော့တယ်။ ဖြစ်ချင်တော့ အဲဒီအမတ်ရဲ့သားက သူတို့ကျောင်းမှာ ရေပန်းအစားဆုံး ဘတ်စကတ်ဘောကစားသမား ဂရေဟမ်လန်ဆင်း ဖြစ်နေပါတယ်။ ဂရေဟမ်က မန်ဒီယန်း အထင်သေးထားတဲ့သူလည်း ဖြစ်နေတော့ သူ့အစီအစဉ်က ထင်သလောက် မရိုးရှင်းတော့ဘူး။ ကိုယ့်အိပ်မက်ကို လက်လွှတ်မလား၊ ကိုယ်တန်ဖိုးထားတာတွေကို စွန့်ပြီး ဟားဗတ်ကို ရောက်အောင် ကြိုးစားမလားဆိုတဲ့ ရွေးချယ်မှုနဲ့ မန်ဒီယန်း ရင်ဆိုင်လာရတဲ့အကြောင်းကို Disney ရဲ့ ကျောင်းသားဘဝ အချစ်ဟာသကားအဖြစ် ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းအကြောင်း