ဇာတ်ကားများ ရွေးရန်

Dry Day

2023ဇာတ်ကားအမှတ် 9.0/10128 မိနစ်

Dry Day (2023) "ခြောက်ကပ်ကပ်နေ့များဆီသို့... " Crackdown(2022)စီးရီးထဲက မင်းသမီးချော ရှရှီယာပေလ်ဂွန်ကာနဲ့ ကားရိုက်ကျဲတဲ့ မင်းသား ဂျစ်တန်ဒရာကူးမားတို့ရဲ့ ဘောလိ၀ုဒ် အချစ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Dry Dayဆိုတာ အိန္ဒိယမှာ အရက်ရောင်းချခွင့်တားမြစ်တဲ့နေ့။ဒါပေမဲ့ သောက်လို့တော့ရတယ်ထင်ပါရဲ့။ သောက်ပြီဟေ့ဆိုရင် နှစ်ပင် သုံးပင်လိမ်အောင်သောက်တဲ့ ဂန်နူးကူးမား။ မနက် အိပ်ယာကနိုးပြီဆိုရင်တော့ ကျွတ်တသပ်သပ်နဲ့ နောက်မသောက်တော့ပါဘူး နှစ်ပင်မလိမ်တော့ပါဘူးလို့ ဘုရားတပြီး ကျိန်တဲ့သူ။ အမူးပြေရင် ထန်းနို့မော့ကြည့်ဆိုတာလိုပဲ အရှိန်လေးကျပြီဆိုတာနဲ့ အရက်ဆိုင်ဝင်တော့တာပါပဲ။ ဒီလိုအရက်သမားကို အဖေကျောင်းဆရာကြီးရဲ့စကား နားမထောင်ဘဲ တည့်မတ်ပေးလို့ရမှာပါဆိုပြီး ယူခဲ့မိတဲ့ လင်ဆိုးမယားလေးကတော့ နီရ်မာလာ။ ဘာအလုပ်မှမယ်မယ်ရရ မလုပ်ဘဲ သောက်သောက်စားစား လူမင်းသားလုပ်နေတဲ့ယောကျ်ားဖြစ်သူကြောင့် ကလေးမယူပါဘူးလို့ ဆုံးဖြတ်ထားတဲ့ကြားက ကိုယ်ဝန်လွယ်ရပါရော။ စိတ်တိုတိုနဲ့ပဲ ယောကျ်ားဖြစ်သူကို တော် သောက်သုံးကျရင်ကျ မကျလို့ကတော့ ဒီကိုယ်ဝန်ဖျက်ချမှာလို့ ကြိမ်းပါတော့တယ်။ ကလေးလိုချင်သူ ယမကာလုလင်လေး မောင်ဂန်နူးတစ်ယောက် ဘာလုပ်လဲဆိုတော့ သူနဲ့ကျေးဇူးမကင်းတဲ့ နိုင်ငံရေးသမားကြီးအကူအညီနဲ့ အမတ်ဖြစ်ဖို့ကြံပါရောလား။ အမတ်လောင်း အရက်သမားဂန်နူးပေးတဲ့ကတိက ဒီမြို့နယ်တခွင် အရက်ကင်းစင်ရမယ်တဲ့။ အဲဒီမှာပဲ ကြုံတွေ့လာတဲ့ အတိုက်အခိုက် အယှဉ်အပြိုင်တွေရယ် အရက်သမားတစ်ယောက်က သူပေးတဲ့ကတိကိုတည်နိုင် အကောင်အထည်ဖော်နိုင်မလားဆိုတာရယ်တော့ ဆက်လက်ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.36GB / 1.3GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

ဇာတ်လမ်းအကြောင်း